
သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် Bikram Singh ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မနေ့ မွန်းလွဲပိုင်းက နိုင်ငံတော် သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး၊ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မှုနဲ့ အိန္ဒိယနိုင်ကို ပညာသင်တွေ စေလွှတ်ရေး၊ မြန်မာ့တပ်မတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူညီပေးရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ အစရှိတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲကို မြန်မာဘက်က သမ္မတ ဦးသိန်းစိန်နဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ အစိုး တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို အိန္ဒိယဘက်က ကြည်းတပ် ဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။











