မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ စိတ်ကြိုက်လမ်းနေ ဦးဇော်မိုးအေး နဲ့ သားဖြစ်သူတို့ကို ဧပြီ ၁၀ ရက် ဒီမနက် ၇ နာရီခွဲကလောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဘာကြောင့် ခုလိုဖမ်းဆီးသွားတယ်ဆိုတယ်ဆိုတာနဲ့ ဘယ်ကိုဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
အခုလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို ဘာကြောင့်မှန်း မသိဘဲ မတရားဖမ်းဆီးခေါ်ဆောင် သွားတဲ့အပေါ်မှာ မိသားစုဝင်တွေနဲ့ မြို့ခံတွေက စိုးရိမ်နေပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။
အခုဖမ်းဆီးခံရသူ ဦးဇော်မိုးအေးနဲ့ သားဖြစ်သူ မောင်ဟိန်းထက်တို့ဟာ ရေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးရဲ့ ညီနဲ့ တူအရင်းတော်စပ်သူတွေဖြစ်ပါတယ်။
ရေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်သက်ဆိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးခဲ့တ အခုဆိုရင် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အလိုရှိတဲ့သူတွေကို ရဲနဲ့စစ်တပ်က နေအိမ်တွေမှာ အင်အားသုံးပြီး လိုက်လံရှာဖွေဖမ်းဆီးတာတွေ နေ့စဉ်နီးပါးလောက်လုပ်လာနေတယ်လို့ ဒေခံခံတွေက ပြောဆိုပါတယ်။
ရေးမြို့နယ်မှာ ဒီနေ့ မနက်က စပြီး အိမ်သုံး ဝိုင်ဖိုအင်တာနက်လိုင်းတွေပါ စစ်အုပ်စုက ပိတ်ပင်ထားလိုက်ပါတယ်။