
မဇ္ဈိမမီဒီယာရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဒေါ်သင်းသင်းအောင်နဲ့ ကိုဂျိမ်းပူထောင်းတို့ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် အလွန်စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မဇ္ဈိမမီဒီယာက ဧပြီ ၈ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
သူတို့ ၂ ဦးလုံးဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မဇ္ဈိမမှ တရားဝင် နုတ်ထွက် အနားယူသွားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်သင်းသင်းအောင်ဟာကျန်းမာရေးကြောင့် မဇ္ဈိမမှာ အချိန်ပိုင်းလုပ်ကိုင်နေခဲ့ရာက ဖေဖော်ဝါရီမှာ လုံးဝ နုတ်ထွက်သွားခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါ်သင်းသင်းအောင်ဟာ မဇ္ဈိမသတင်းဌာနအား ၁၉၉၈ ခုနှစ်မှာ ပူးတွဲတည်ထောင်သူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။











