DVB Logo
Home
မြန်မာသတင်း
မတရားစစ်အာဏာသိမ်းမှု ၆၆ ရက်အကြာ ကျဆုံးပြည်သူပေါင်း ၆၀၀ နီးပါးရှိလာ
DVB
·
April 8, 2021
မတရားစစ်အာဏာသိမ်းမှု ၆၆ ရက်အကြာ ကျဆုံးပြည်သူပေါင်း ၆၀၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၆၆ ရက်အကြာ စစ်တပ်နဲ့ ရဲတွေ က အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၆၀၀ နီးပါးရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၇ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းကတော့ ၃၅၇၇ ယောက်ထိ ရှိခဲ့ပြီး ၂၈၄၇ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၄၈၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၇ ရက်နေ့မှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး မြို့ကြီး တွေမှာ ဖြိုခွင်းမှုတချို့သာရှိကာ အနည်းငယ်ငြိမ်သက်နေခဲ့ပြီး ဒါဟာ မြို့ပြမဟုတ်တဲ့ ဒေ သတွေကို အဓိကထား ဖိနှိပ်လိုတာကြောင့်ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က တာဟန်းခံတပ်ကို အကြမ်းဖက်စစ်အုပ်စုမှ စစ် မြေပြင်သဖွယ် လက်နက်ကြီး၊ လက်ပစ်ဗုံးနဲ့ စက်သေနတ်တွေနဲ့ အင်အားအလုံးအရင်း သုံး ဖြိုခွင်းခဲ့တာကြောင့် ပြည်သူ ၈ ယောက်ထက်မနည်းကျဆုံးခဲ့ပြီး လက်ပြတ်သွားတဲ့ ပြည်သူ ၁ ယောက်အပါအဝင် ဒဏ်ရာရရှိသူအယောက် ၂၀ လောက်နဲ့ ဖမ်းဆီးခံရသူ ၁၀ ယောက်ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ဖြိုခွဲမှုအတွင်း လူနေအိမ်တွေထဲကို ပစ်ခတ်တာတွေ၊ ရပ်ကွက်ဆေးခန်းတွေကို ဝင်ရောက်စီးနင်းရှာဖွေတာတွေကိုလည်း ပြု လုပ်ခဲ့ကြတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာလည်း ပြည်သူ ၁ ယောက်ကျဆုံးခဲ့ကာ အ ယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီး သူတို့ထဲက ၃ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ငါးဆူကုန်း ရွာသပိတ်မှာလည်း ပလိုင်းကျေးရွာသား ၁ ယောက် ကျဆုံးသွားခဲ့ကာ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ထဲကို အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် အမျိုးသား ၂ ယောက်ကျဆုံးသွားခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013