DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား ၀ယ်ယူကုန်ကျစရိတ် ကာမိစေရန် မီတာခ တိုးကောက်
DVB
·
October 29, 2013
လျှပ်စစ်ဓာတ်အား ၀ယ်ယူကုန်ကျစရိတ် ကာမိစေရန် မီတာခ တိုးကောက်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ တိုးမြှင့် ကောက်ခံတော့မယ်လို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။  ဒီလို တိုးမြှင့်လိုက်ပေမယ့်  ထုတ်လုပ်မှုစရိတ်ကို မကာမိသေးဘဲ  အရှုံးခံနေရတုန်းပဲလို့  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က  ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲခတွေကို  လာမယ့် နိုဝင်ဘာလကစပြီး တိုးမြှင့် ကောက်ခံမယ်လို့  ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ်  ဆက်သွယ်မေးမြန်းရာမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က  ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဲဒီကြေညာချက်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်တွေ တတ်နိုင်သမျှ ကာမိစေဖို့ တိုးကောက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်အပေါ်  ဦးအောင်ခိုင်က  ခုလိုရှင်းပြပါတယ်။
“စက်မှုလုပ်ငန်းတွေကို တက်တာ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အများပြည်သူတွေက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့ကတော့ ဒီအတိုင်းပဲရှိအုံးမယ်။ အကုန်လုံးကို ကာမိတယ်လို့ မျှော်လင့်လို့မရဘူး။ ကျနော်တို့ အရှုံးခံရအုံးမယ့် အနေအထားရှိတယ်။ ”

လျှပ်စစ်ဓာတ်အား ၁ ယူနစ် ထုတ်လုပ်စရိတ် ဘယ်လောက်ရှိလဲလို့  မေးမြန်းရာမှာတော့ အသေးစိတ် ဖြေဆိုဖို့ ငြင်းဆိုလိုက်ပါတယ်။

အများပြည်သူအိမ်သုံး မီတာခ ၁ ယူနစ်ကို အရင် ၂၅ ကျပ်ကနေ အခု ၃၅ကျပ်၊ ယူနစ် ၁၀၀ အထက်သုံးရင် ၁ ယူနစ် ကျပ် ၅၀၊  စီးပွားရေးလုပ်ငန်းသုံး အရင် ၁ ယူနစ် ၇၅ ကျပ်က အခု ကျပ် ၁၀၀ တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

စီးပွားရေးဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ အောင်ချိန်ဘွားကတော့   မီတာခတွေ ခုလို တိုးကောက်မယ့်အစား  ပြည်သူတွေ လျှပ်စစ်မီး အပြည့်အ၀ အသုံးပြုနိုင်အောင် တခြား နည်းလမ်းတွေ ရှာသင့်တယ်လို့ ပြောပါတယ်။

“အရှုံးခံရလို့ ကာမိအောင် တိုးကောက်မယ်ဆိုတာ အခြားနည်းလမ်းမရှိဘူးလားလို့ မေးစရာတွေ အများကြီးရှိပါတယ်။ ဥပမာ - လျှပ်စစ်ဓာတ်အားက တယူနစ်ကို ဘယ်လောက်နှုန်းဆိုပြီး ကောက်တယ်ဗျာ။ ခဏခဏပျက်နေတော့ မပျက်လို့ရှိရင် ကျနော်ဆိုပါစို့ တလကို မီတာခ ၁၀၀၀၀ ကျပ်ပေးရမှာပေါ့။ ပျက်ပျက်နေတော့ ၅၅၀၀ ကျပ်ပဲပေးရတယ်။ အဲဒီတော့ တ၀က်ကျော် ၅၅ ရာခိုင်နှုန်းပဲ သူတို့ရတယ်။ ၄၅ ရာခိုင်နှုန်း သူတို့ လျော့တယ်။ အဲဒါမျိုး စဉ်းစားကြည့်ပါ။ လျှပ်စစ်ဓာတ်အား အပြည့်ပေးရင် ငွေတွေအများကြီး ကုန်တာကို ကာမိမယ်ဆိုတာမျိုးလည်း စဉ်းစားပါအုံး။”

ဒါအပြင် ဓာတ်အားအလေအလွင့် ရှိနေတာတွေကို နည်းလမ်းရှာ ဖြေရှင်းသင့်တယ်လို့လဲ ပြောပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့လအတွင်းက မီတာပုံး ထိမ်းသိမ်းခတွေကို  ကျပ် ၁ ထောင်ကနေ ၅၀၀ ကျပ်သို့ လျှော့ချ ကောက်ခံမယ့်အကြောင်း  အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော်အနက် ၂ သောင်းကျော်လောက်ပဲ လျှပ်စစ်မီး သုံးစွဲနိုင်တာ ဖြစ်ပြီး   မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း၊ ရခိုင်ပြည်နယ် စစ်တွေနဲ့ သံတွဲ စတဲ့မြို့တွေမှာတော့ ပြည်သူတွေဟာ ၁ ယူနစ် ကျပ် ၅၀၀ နှုန်းဖြင့် ကိုယ်ထူကိုယ်ထ မီးပေးစနစ်နဲ့ သုံးစွဲနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013