မန္တလေးတွင် အမျိုးသမီး ၁ ဦး သေနတ်မှန်လမ်းမပေါ်လဲကျသေဆုံး
DVB
·
April 5, 2021

မန္တလေးမြို့ ၅၂ လမ်းနဲ့ ၅၄ လမ်းအကြားမှာ ဧပြီ ၄ ရက်နေ့ ည ၉ နာရီခွဲလောက်က အမျိုးသမီး ၁ ဦး သေနတ်ဒဏ်ရာနဲ့ လဲကျ သေဆုံးနေတာတွေ့ရကြောင်း သိရပါတယ်။
မနေ့ ည ၁၀ နာရီခွဲကျော်မှာတော့ ပရဟိတအသင်းတစ်ခုက အဆိုပါအမျိုးသမီးရဲ့ အလောင်းကို လာရောက်သယ်ဆောင်ပေးသွားတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီး ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ မသိရသေးပါဘူး။











