DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် CDM ရဲတဦးအပါအဝင် ကျဆုံးပြည်သူ ၅၅၀ ရှိလာဟု အေအေပီပီ ထုတ်ပြန်
DVB
·
April 3, 2021
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် CDM ရဲတဦးအပါအဝင် ကျဆုံးပြည်သူ ၅၅၀ ရှိလာဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်း ဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၅၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၂ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီက ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၇၅၁ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၆ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

ဧပြီ ၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံတဝှမ်း ပြည်သူတွေဟာ အင်တိုက်အားတိုက် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့မှာတော့ အိမ်ပြန်လာခွင့်မရှိတော့တဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Flower Strike တွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် မနက်အစောပိုင်း ၂ နာရီအချိန်လောက်က အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ စစ်သားနဲ့ ရဲတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ ပြည်သူ့သပိတ်ခံတပ်တွေကို စီးနင်းခဲ့ရာမှာ ပြည်သူတွေဘက်က ပါဝင်ကာကွယ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ပါဝင်တဲ့ ရဲ ၁ ယောက် ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို စစ်တပ် နဲ့ ရဲတွေက လုယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း အခြေအနေတွေ တင်းမာနေခဲ့ပြီး မ နက်အစောပိုင်း ၃ နာရီလောက်က စတင်ကာ သစ်ရွာပင်ကျေးရွာက စစ်အာဏာရှင် ဆန့် ကျင်ရေးသပိတ်ခံတပ်တွေကို စစ်တပ်က အင်အား ၄၀၀ ကျော်နဲ့ ပစ်ခတ်စီးနင်းဖို့ ကြိုး စားခဲ့ကြချိန်မှာ ရွာသားတွေက ပြန်လည်ခုခံကြတဲ့အတွက် ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရွာသား ၃ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပြီး ဆေးကုသနိုင်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။ ယင်းမာပင်မြို့နယ်၊ သပြေ အေးကျေးရွာမှာတော့ ကျေးရွာဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးကို လာရောက်ဖမ်း ဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ ယောက်က တော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာသား ၆ ယောက်ကို ဖမ်းဆီးပြီး ဓားစာခံလုပ်ထားခဲ့ပြီး ဆရာတော်ကို ထုတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013