DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ရက် ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၄၀ ကျော်လာ
DVB
·
April 2, 2021
စစ်အာဏာသိမ်းမှု ရက် ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၄၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၄၃ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီ ပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၇၄၁ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး  အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၆ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

ဧပြီ ၁ ရက်နေ့မှာလည်း မြန်မာနိုင်ငံတဝှမ်း ပြည်သူတွေဟာ အင်တိုက်အားတိုက် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်နေကြပြီး နေ့စဉ်မပျက် ချီတက်နေ ကြတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပင်မသပိတ် စစ်ကြောင်း ဖြိုခွင်းခြင်းခံခဲ့ရတဲ့အတွက် ပြည်သူ ၁ ယောက် ဦးခေါင်းကျည်ထိမှန်ကျဆုံးသွားခဲ့ကာ ၆ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း မန္တလေးမြို့မှာတော့ အမျိုးသား ၁ ယောက် ဦးခေါင်းကို ပစ်ခတ်ခံရ လို့ ဦး‌နှောက်ထွက်ကျသွားကာ ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို စစ်တပ်က ယူ ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသား ၁ ယောက်ဟာလည်း ဝမ်းဗိုက်ကို ကျည်ထိမှန်ကျဆုံးသွားခဲ့ပြီး ရဲနဲ့ စစ်သားတွေဟာ ပြည်သူတွေ ကာရံထားတဲ့ အတားအ ဆီးတွေကို ဖယ်ရှားကာ ဆန္ဒပြ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာတော့ လူငယ်တွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်း ဖြိုခွင်း ခံခဲ့ရပေမယ့် ထိခိုက်၊ ဖမ်းဆီးခံရတာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မတ် ၃၁ ရက် ညနေပိုင်းက ရန်ကုန်အခြေစိုက် တောင်ကိုရီးယားဘဏ် Shinhan Bank ကြိုပို့ယာဉ်ကို အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဘဏ်ဝန်ထမ်း ၁ ယောက် ခေါင်းကျည်ထိမှန်ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရှိရပါတယ်။ မကွေးတိုင်း ဂန့်‌ဂေါမြို့နယ်မှာတော့ မြို့ကို ပိတ်ဆို့ပစ်ခတ်ခဲ့ပြီး အရပ်သား ၄ ယောက်ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေကြောင်း ကနဦး ရရှိထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဧပြီ ၁ ရက်မနက်အစောပိုင်းRuby Mart မီးလောင်ချိန်မှာ မီးငြိမ်းသတ်ဖို့ လာတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် Ruby Mart အနီး ပြည် သူ ၁ ယောက် ကျဆုံးသွားခဲ့ပြီး ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013