DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဆင်နွှဲရန် တက္ကသိုလ် ၁၅ ခုပါ ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း
DVB
·
April 1, 2021
စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဆင်နွှဲရန် တက္ကသိုလ် ၁၅ ခုပါ ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးကာလ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲကို ပြည်သူတွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ -ရန်ကုန်) Alliance of Students’ Unions (ASU-Yangon) ကို မတ် ၃၁ ရက်မှာ ဖွဲ့စည်း လိုက်ပါတယ်။

တကသများ-ရန်ကုန် အနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး၊ စစ်အုပ်စုမပါဝင်တဲ့ အစိုးရတရပ်ထူ ထောင်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအပြည့်အဝရရှိရေးစတဲ့ မူဝါဒ ၃ ရပ်အပေါ် ရပ်တည်အကောင်အ ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ခုလိုပူးပေါင်းဖွဲ့စည်းလိုက်တဲ့ထဲမှာတော့ ရန်ကုန်အခြေစိုက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ၁၅ ခုက ကျောင်းသားသမဂ္ဂတွေပါဝင်ပြီး အဆိုပါ ကျောင်းတွေကတော့ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်များ(ရွာသာကြီးနယ်မြေနဲ့ လှိုင်နယ်မြေ)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မှော် ဘီနည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပ ညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)နဲ့ စက်မှုလက်မှုသိပ္ပံ(ရွှေပြည် သာ)ကျောင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တကသများ-ရန်ကုန် အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နွေဦးတော်လှန်ရေး တိုက်ပွဲအောင်မြင်ဖို့အတွက် ကျောင်းသားပြည်သူတရပ်လုံးနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လတင်းတင်းပြည့်ခဲ့ပြီဖြစ်ကာ မတ် ၃၁ ရက် နေ့အထိ ကျဆုံးသူပေါင်း ၅၃၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013