DVB Logo
Home
မြန်မာသတင်း
မီးရှို့သတ်ဖြတ်ခံရသူ ၁ ဦးအပါအဝင် ကျဆုံးပြည်သူ ၅၂၁ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်
DVB
·
March 31, 2021
မီးရှို့သတ်ဖြတ်ခံရသူ ၁ ဦးအပါအဝင် ကျဆုံးပြည်သူ ၅၂၁ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် အကြမ်းဖက်ဖြိုခွင်းမှုမှာ မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၁ ယောက်အပါအဝင် မြန်မာ့နွေဦး တော်လှန်ရေး ၅၈ ရက်တာ ကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၂၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၀ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီက ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၆၀၈ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၀ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဉ် နည်းအမျိုးမျိုးနဲ့ သူတို့ကို ပြန်လည်ဆန့်ကျင် တွန်းလှန်နေကြတဲ့ မြို့တွေကို ပစ်မှတ်ထားပြီး အပြင်းထန်ဆုံး ချေမှုန်းနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက တောင်ဒဂုံမြို့နယ်လည်း အပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ချေ မှုန်းခံရလို့ ကျဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိနေတဲ့ တောင်ဒဂုံမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ရဲနဲ့ စစ်သားတွေ ရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာတွေ မလုပ်နိုင်အောင် ခံတပ်တွေ ကိုယ်တိုင်တည်ဆောက်ပြီး တားဆီးကာကွယ်ခဲ့ကြပါတယ်။

မတ် ၂၉ ရက်ညနေမှာတော့ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံး၊ လောင်ချာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ခံတပ်ပြိုသွားပြီးချိန်က စတင်ကာ တောင်ဒဂုံမြို့နယ်ဟာ လက်ရှိအချိန်ထိတိုင်အောင် အင်အားအလုံးအရင်းနဲ့ စီးနင်းခြင်းခံထားရပြီး အပြင်းအထန် ပစ်ခတ်ဖြိုခွင်းတာတွေ ခံခဲ့ရကာ အိမ်တွေ၊ ပြည်သူပိုင်ကားတွေပါ ဖျက်ဆီးခံခဲ့ရတယ်လို့ အေအေပီပီက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်ဖြိုခွင်းမှုမှာ ကျဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရသူတွေကို လက် နက်ကိုင်တွေက ကောက်ယူသယ်ဆောင်သွားတဲ့အတွက် ကျဆုံးနဲ့ ထိခိုက်မှုအရေအတွက် အတိအကျကောက်ယူဖို့ ခက်ခဲနေပြီး ကျဆုံးသူတွေထဲ အရပ်သား ၁ ယောက်ကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပြီး မန္တလေးမြို့မှာ ညကင်းစောင့်နေသူ အမျိုး သား ၁ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက်တနေ့မှာ အလားတူ ထပ်မံကျူးလွန်ကြတာလို့ ဖော်ပြပါတယ်။

မတ် ၃၀ ရက်ကလည်း တောင်ဒဂုံမြို့နယ်မှာ အရပ်သား ၂ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ကနဦးသိရှိရပြီး ရုပ်အလောင်းတွေကိုတော့ အကြမ်းဖက် ရဲနဲ့ စစ်သားတွေက  သယ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း ပဲခူးမြို့၊ ပြည်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ တနင်္သာရီတိုင်း ကော့သောင်းမြို့၊ ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာ လည်း အကြောင်းမဲ့ ပစ်သတ်မှု၊ စီးနင်းဝင်ရောက်ပစ်သတ်မှု၊ ဖြိုခွင်းမှုတွင်း ပစ်သတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူ တချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013