DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်
DVB
·
March 30, 2021
ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်
Donate to DVB

ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်DVB ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က မိမိနေရပ်သို့ပြန်ထွက်ခွာဖို့ မောင်းထုတ်လိုက်တယ်လို့ ဒီဖြစ်စဥ်ကို ရုပ်သံ မှတ်တမ်းရိုက်ကူးနေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ KNU/KNLA တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်သူတွေ ထောင်နဲ့ချီပြီး သံလွင်မြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှာ ယာယီ စစ်ပြေးရှောင်ခိုလှုံနေကြတာပါ။

မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNU တိုက်ပွဲမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ကရင်စစ်ဘေးရှောင်တွေကို မြန်မာပြည်ဘက် ပြန်ခိုင်းနေတာဖြစ်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013