DVB Logo
Home
မြန်မာသတင်း
နှစ်ဘက်သဘောတူညီချက်တွေ အကောင်အထည်ဖော်မှု မရှိတဲ့အတွက် တိုက်ပွဲတွေ ဖြစ်
DVB
·
October 27, 2013
နှစ်ဘက်သဘောတူညီချက်တွေ အကောင်အထည်ဖော်မှု မရှိတဲ့အတွက် တိုက်ပွဲတွေ ဖြစ်
1 / 2
Donate to DVB

မြန်မာစစ်တပ်နဲ့ ကေအိုင်အိုတို့ တိုက်ပွဲတွေဖြစ်နေရခြင်းဟာ နှစ်ဘက် သဘောတူညီချက် တွေ အကောင်အထည်ဖော်မှု မရှိတဲ့အတွက် ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ပြောပါတယ်။

ဒီလဆန်းပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်တွေကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယား အပါအ၀င် အသိသက်သေများဖြင့် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အစိုးရဘက်က မရှိခဲ့လို့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်နေရတယ်လို့ တိုင်းရင်းသားငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ပြောပါတယ်။

နှစ်ဘက်သဘောတူညီခဲ့တဲ့အချက်တွေကို အကောင်အထည်ဖော်မှု မရှိတဲ့အတွက် အခုလို ကေအိုင်အိုနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက အခုလို ပြောပါတယ်။

“ပြည်သူလူထု လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ဖို့ဆိုတဲ့ လမ်းကြောင်းတခုကို ဖောက်ဖျက် သွားတာတော့ တွေ့ရပါတယ်။ နောက်တခုက ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေကို အကောင်အထည့်မဖော်သေးတဲ့အတွက်ကြောင့် မို့လို့ ပြီးတော့ ပြည်သူလူထုက လွတ်လပ်တဲ့ စောင့်ကြည့်မှုတွေ မရှိသေးတဲ့အတွက်ကြောင့် ဟိုဘက်၊ ဒီဘက် ပြောတာတွေပဲ ကြားရတာပါ။ အမှန်တကယ် ဘယ်သူ မှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့သူတွေ မရှိသေးဘူး။ ဖောက်ဖျက်တာတော့ ဖောက်မှုတွေ ရှိလာပါတယ်။ ”

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရရှိဖို့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရယူခဲ့သော်လည်း သမ္မတနဲ့ နိုင်ငံတ်ာကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်ရန် လိုအပ်နေကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောနေကြတာ ဖြစ်ပါတယ်။

တိုင်ရင်သားတွေ တောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို  သမ္မတနဲ့ နိုင်ငံတကာသံတမန်တွေက အသိအမှတ်ပြုပေးရမယ့်ဆိုတဲ့ အချက်ကို ထည့်စဉ်းစားရန်လိုပြီ ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းစင်တာမှ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးက နယ်လုံအဆင့်ပဲ ထိုးထားတာကိုး။ အခု နေပြည်တော်မှာ ခေါ်ပြီး အားလုံးအရှေ့မှာထိုးမယ် နိုင်ငံတော် သံတမန်တွေ အရှေ့မှာ ထိုးမယ်လို့ အဆိုပြုထားတာကို သူတို့က သမ္မတ ထိုးသင့်တယ်။ ဒါလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ချလုံခြုံ ပိုယုံကြည်မယ်ဆိုရင် ကျနော်တို့ ထည့်စဉ်းစား သင့်တာပေါ့။ ”

မြန်မာစစ်တပ်နဲ့ ကေအိုင်အို၊ အေအိုင်အေ၊ ရှမ်းမြောက် တအောင်း ခေါ် ပလောင် တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုနေရာတွေနဲ့ ဆက်စပ်နေတဲ့နေရာတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013