DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသခံများ ထိုင်သပိတ်ဆင်နွှဲ
DVB
·
October 26, 2013
လက်ပံတောင်းဒေသခံများ ထိုင်သပိတ်ဆင်နွှဲ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ၀မ်ပေါင်ကုမ္ဗဏီတို့ကြားက ပြသာနာကို ဆက်ဆံရေးရုံးက မဖြေရှင်းပေးတဲ့အတွက် ဒေသခံတွေ ထိုင်သပိတ်ဆင်နွှဲ ခဲ့ပါတယ်။

ကြေးနီစီမံကိန်းဒေသတ၀ိုက်မှာ မိုင်းခွဲတာ၊ လျော်ကြေးမယူထားတဲ့ ဒေသခံတွေရဲ့ စိုက်ပျိုးပြီး နှမ်းခင်းတွေကို ဖျက်ဆီးပြီး ခြံစည်းရိုး ခတ်နေတာတွေကို ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြုလုပ်နေတဲ့အတွက် ဒေသခံတွေက အခုလို ထိုင်သပိတ်ဆင်နွှဲခဲ့ကြတာပါ။

လက်ပံတောင်းဒေသခံ ၂၀၀ လောက်က ဆည်တည်းနဲ့ ဇီးတောရွာသစ်မှာ ဖွင့်လှစ်ထားတဲ့  ဆက်ဆံရေးရုံးမှာ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီက ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး၊ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ ဝန်ကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ လာဖြေရှင်းခဲ့ကြပေမယ့် ပြေလည်မှုမရတဲ့အတွက် ထိုင်သပိတ် ဆင်နွဲခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်သပိတ်ဆင်နွှဲရတဲ့ ရည်ရွယ်ချက်ကို ဒေသခံတဦးက “ကျနော်တို့ မရောင်းတဲ့ လယ်ယာမြေတွေမှာ သံဆူးကြိုးတွေခတ်၊ သီးပင်တွေကို ဖျက်ဆီးခဲ့တာတွေကို ဘယ်သူ့အမိန့်ကြောင့်လုပ်တာလဲလို့ ကျနော်တို့ လာပြီး ဖြေရှင်းချက်တောင်းတာ။ အဲဒါကို ဖြေရှင်းမပေးတဲ့အတွက် ထိုင်သပိတ်စနေတာပါ” လို့ ပြောပါတယ်။

ညနေ ၄ နာရီခွဲမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက မစ္စတာလုံ လာရောက်ပြီး အမြန် ရှင်းပေးမယ်လို့ အာမခံတဲ့အတွက် ည ၇ နာရီမှာ သပိတ် ရပ်နားလိုက်ကြပါတယ်။

အောက်တိုဘာ လလယ်ပိုင်းလောက်တုန်းကလည်း  လျော်ကြေးငွေမယူတဲ့ လက်ပံတောင်းဒေသခံ ရွာသားတွေရဲ့ နှမ်းခင်းတွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဒေသခံတွေအပါအ၀င် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ လျော်ကြေး ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ပါသေးတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဒေသခံတွေရဲ့ လိုလားချက်တွေကို ရေးမှတ်သွားပြီး နောက် ၁ ကြိမ် ထပ်မံ တွေဆုံဖို့ ကတိပြုပြီး ပြန်သွားကြပေမယ့် တစုံတရာ ဆုံးဖြတ်ချက်မပေးတဲ့အတွက် မကျေနပ်ကြတဲ့ ဒေသခံတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့ခင်းပိုင်းက ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး သူတို့ လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီနောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ မိုးကြိုးပြင်နဲ့ ဆည်တည်းကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ လိပ်ခွံတောင်ပေါ်တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ဒီစီမံကိန်း ပြန်စမယ်ဆိုရင် EIA၊ SIA (ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုဘ၀ ဆန်းစစ်ချက် စစ်တမ်း) မရှိဘဲ ဒီစီမံကိန်းကို ပြန်မစသင့်ကြောင်းနဲ့ လယ်ယာမြေ လျော်ကြေးတွေ သတ်မှတ်ချက်က ဒေသခံတွေရဲ့ ဒီနေ့ ပေါက်ဈေးအရ ကွာခြားနေတဲ့အပေါ်မှာ လွဲမှားနေတဲ့အချက်အပါအ၀င် အချက် ၂၁ ချက်ကို အကာင်အထည်ဖော်ရေး ကော်မတီထံ တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013