
ရန်ကုန် သာကေတမြို့နယ် သုမနလမ်း ရန်ပြေ ၈ လမ်းထိပ်မှာ ဒီကနေ့မနက် အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။
ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ခေါင်းကိုကျည်ဆန်ထိမှန် ကျဆုံးသွားပြီး ခြေထောက်မှာ ဒဏ်ရာရသွားသူ ၂ ဦးရှိတယ်လို့ကနဦးသိရပြီး သေဆုံးသူ အရေအတွက် ဒိထက်ပိုများတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေထွက်နေပါတယ်။
သာကေတမြို့နယ် ၃ ရန်ပြေရပ်ကွက်မှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၄ တောင်ရပ်ကွက်နေ မောင်ထူးထက်နိုင် (၁၉ နှစ်) ဦးခေါင်းကျည်ထိ ကျဆုံးသွားပါတယ်။
ဒါ့အပြင် သေနတ်ထိမှန်သူ ၁၅ ယောက်လောက်ရှိတဲ့ အနက် ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆန္ဒပြ လူငယ်တွေဆီက သိရပါတယ်။












