DVB Logo
Home
မြန်မာသတင်း
တိုက်လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍ ကျဆုံး ၃ ဦးအပါအဝင် ကျဆုံးသူပေါင်း ၄၅၉ ဦးရှိလာ ဟု အေအေပီပီထုတ်ပြန်
DVB
·
March 29, 2021
တိုက်လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍ ကျဆုံး ၃ ဦးအပါအဝင် ကျဆုံးသူပေါင်း ၄၅၉ ဦးရှိလာ ဟု အေအေပီပီထုတ်ပြန်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအင်ယူ) တပ်မဟာ ၅ ရဲ့ ဌာနချုပ်ကို လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ်ခတ်ခံရလို့ ကျဆုံးခဲ့ရသူ ၃ ယောက်အပါအဝင် စစ်အာဏာရှင်ဆန့် ကျင် မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးသူပေါင်း ၄၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၈ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၅၅၉ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး  အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၁၉ ယောက်နဲ့ ခု ရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

မတ် ၂၈ ရက်နေ့မှာတော့ စစ်အင်အားအလုံးအရင်းနဲ့ ရန်ကုန်တိုင်း ကျောက် မြောင်း၊ သာကေတ၊ လှိုင် နဲ့ တောင်ဒဂုံမြို့နယ်တွေ၊ စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံမြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့  ဖားကန့်မြို့တွေမှာ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသမီး ၄ ယောက် အပါအဝင် ၉ ယောက် ကျဆုံးခဲ့တယ်လို့ ကနဦးသိရှိရပြီး ဒဏ်ရာရရှိသူ အများအပြားနဲ့ ဖမ်းဆီးခံရသူ တွေလည်းရှိခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ မြို့ပြတွေမှာ စစ်ဆင်ရေးတွေလိုမျိုး လက်ပစ် ဗုံးတွေကို စတင်အသုံးပြုလာတာကို တွေ့ရှိရပြီး စစ်မြေပြင်လည်းမဟုတ်ဘဲ ကျည်အစစ် တွေသာမက စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စစ်ဆင်ရေး တရပ်ပမာ ပြည်သူတွေကို နိုင်လိုမင်းထက် ရန်သူတွေသဖွယ် ရက်ရက်စက်စက် နှိမ်နှင်းနေတာဟာ သူတို့ရဲ့ ယုတ် မာရက်စက်မှုတွေကို ထပ်လောင်း ဖော်ပြတာဖြစ်ကြောင်းလည်း အေအေပီပီရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက်ကြောင့် တိုင်းရင်းသား အများအပြား စစ်ဘေးရှောင်နေကြရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်အမျိုးသား အစည်း အရုံး(ကေအင်ယူ) တပ်မဟာ ၅ ရဲ့ ဌာနချုပ်ကို တိုက်လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ် ခတ်ခဲ့တဲ့အတွက် အဆိုပါနယ်မြေအတွင်း နေထိုင်ကြတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ၃ ယောက် သေဆုံးကာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုပါ တယ်။

ဒါ့အပြင် အာဏာသိမ်းမှု ၅၆ ရက်တိုင်ရှိလာပြီဖြစ်ပေမယ့် ပြည်သူလူထုဟာ စစ် အုပ်စုရဲ့  နည်းမျိုးစုံနဲ့ ရက်စက်စွာ ဖိနှိပ်မှု၊ ဖြိုခွင်းမှုတွေကို ဆက်လက် ဆန့်ကျင်တော် လှန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ်ရက်ဆက်ဆိုသလို ကျဆုံး၊ ဒဏ်ရာရရှိမှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ တိုးနေပြီး ဖျက်ဆီးမှု၊ မီးရှို့မှု၊ လုယက်မှု၊ ဖောက်ထွင်းမှု နဲ့ အဖျက်အမှောင့် လုပ်ရပ်တွေဟာလည်း မြန်မာပြည်အနှံ့ ဆိုးရွားစွာ ဖြစ်ပေါ်နေတယ် လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013