
စစ်ပညာသင်ပေးရန် မော်လမြိုင်လူငယ်များ တောင်းဆို
DVB
အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြန်တိုက်ထုတ်ဖို့အတွက် လက်နက်နဲ့ စစ်ပညာသင်ပေးဖို့ မော်လမြိုင် လူငယ်တွေက မတ်လ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
လူငယ်တွေရဲ့ တောင်းဆိုမှုမှာတော့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH က စစ်လက်နက်ထောက်ပံ့ပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ပညာသင်ကြားပေးဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးဖို့နဲ့ဖက်ဒရယ်စစ်တပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
မော်လမြိုင်မှာတော့ အကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ကျဆုံးသူ ၃ ဦးထိ ရှိခဲ့ပါတယ်။











