DVB Logo
Home
မြန်မာသတင်း
သာစည်ဘူတာက CDM မီးရထားဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲရှိနေ
DVB
·
March 28, 2021
သာစည်ဘူတာက CDM မီးရထားဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲရှိနေ
1 / 11
Donate to DVB

မန္တလေးတိုင်း သာစည်မြို့မှာ အာဏာဖီဆန်တဲ့ CDM လုပ်နေတဲ့ မြန်မာ့ မီးရထားဝန်ထမ်းတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိအားပေးမှုတွေအမျိုးမျိုးအောက်ကနေ   အခက်အခဲတွေကို ရင်ဆိုင်ရင်း  CDM ဆက်လုပ်နေကြပါတယ်။

CDM မီးရထားဝန်ထမ်းတစ်ဦးက"မီးရထားအိမ်ရာက  မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ဖယ်ပေးပါ စာလာကပ်တယ် ၂၆ရက်နေ့ကတည်းက ဖယ်ပေးလိုက်တယ်။ စားသောက်နေထိုင်ရေး အားလုံး ပြည်သူတွေက အကူအညီပေးပါတယ်။ စစ်တပ်က CDMပျက်သွားအောင်လုပ်နေတာ ကျနော်တို့က အခက်အခဲတွေကြားက CDMဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်နေတာပါ။ ရေရှည်အတွက်တော့ အတော်ရုန်းကန် ရင်ဆိုင်ရမှာပါ" လို့ ပြောပါတယ်။

CDMဝန်ထမ်းအမျိုးသမီးတစ်ဦးက"နေရထိုင်ရတာ အခက်အခဲရှိပါတယ်။ စစ်အာဏာရှင်အလိုမရှိပါဘူး။  အဲဒါကြောင့် အဲဒီအခက်အခဲတွေ ရင်ဆိုင်ရင်း ပြည်သူနဲ့ အတူတူ စစ်အာဏာရှင်ကို CDNလုပ်ရင်း တော်လှန်သွားမှာပါ"လို့ ပြောပါတယ်။

သာစည်ဘူတာဟာ မီးရထားလမ်းဆုံ ဘူတာတစ်ခုဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဘက်တက်မယ့် ရထားတွေကို သာစည်ဘူတာကပဲ တက်ရပါတယ်။ 

သာစည်ဘူတာ မီးရထားဝန်ထမ်းအိမ်ရာမှာ  မီးရထားဝန်ထမ်း ၅၀၀ကျော် ဟာ မိသားစုတွေနဲ့အတူနေထိုင်ကြပါတယ်။

အလုပ်ပြန်မဝင်ရင် မီးရထားအိမ်ရာကနေ  မတ်လ ၃၁ရက် နောက်ဆုံးထား ဖယ်ပေးရမယ်လို့ စစ်ကောင်စီက  စာလာကပ်လို့ မီးရထားဝန်ထမ်းနဲ့ မိသားစုတွေဟာ မတ်လ ၂၆ ရက်နေ့ကတည်းက ဘုန်းတော်ကြီးကျောင်းတွေဆီ ခိုလှုံနေထိုင်နေကြပါတယ်။

    မြန်မာနိုင်ငံတဝန်းမှာ မီးရထားဝန်ထမ်းတွေအားလုံးနီးပါးက အာဏာသိမ်းစစ်ကောင်စီကို လုံးဝလက်မခံဘဲ CDM လုပ်နေတာကြောင့် မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံးလိုလို ရပ်ဆိုင်းနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013