DVB Logo
Home
သတင်းတို
‘အ’ အက္ခရာ ယာဉ်ဟောင်းများအပ်နှံမှု အောက်တိုဘာ ၂၉ ရက်စမည်
DVB
·
October 26, 2013
‘အ’ အက္ခရာ ယာဉ်ဟောင်းများအပ်နှံမှု အောက်တိုဘာ ၂၉ ရက်စမည်
Donate to DVB

ယာဉ်အိုယာဉ်ဟောင်းအပ်ဖျက်သိမ်းပြီး အစားထိုး တင်သွင်းမှုအစီအစဉ်အရ “အ” အက္ခရာ ယာဉ်တွေ အပ်နှံဆောင်ရွက်တာကို အောက်တိုဘာ ၂၉ ရက်ကစတင်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ လက်ခံ ဆောင်ရွက်ပေးသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

[caption id="attachment_45450" align="alignleft" width="300" caption="ဆ အက္ခရာ ယာဉ်ဟောင်းတစီး"][/caption]

ယာဉ်အိုယာဉ်ဟောင်းတွေ ဖျက်သိမ်းပြီး အစားထိုးတင်သွင်းခြင်း စီမံချက်ကို စက်တင်ဘာ ၁၁ ရက်က စတင်သတင်းထုတ်ပြန်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု စီးရေ ၉၄၁၆၈ ရှိပြီး ၈၉ ဒဿမ ၆၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကြေညာချက်က ဆိုပါတယ်။

အပ်နှံခဲ့တဲ့ ကားတွေကတော့ သက်တမ်း ၃၀နဲ့ ၄၀ ကျော်ရှိတဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည အက္ခရာတွေနဲ့ သက်တမ်း ၂၀ ကျော်ကနေ ၃၀ အတွင်း ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ၊ ဘ၊ လ၊ သ အက္ခရာ ယာဉ်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် Mazada အုပ်စုဝင် ယာဉ်တွေအားလုံးကိုလည်း စီမံချက်အတွင်း ထည့်သွင်းဆောင်ရွက်ပေးနေပြီး စုစုပေါင်း စီးရေ ၅၇၀၄ စီး ရှိပြီလို့ ဖော်ပြထားပါတယ်။

ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး စီမံချက်ကို လက်ရှိ ယာဉ်မှတ်ပုံတင်အက္ခအလိုက် သတ်မှတ်ဆောင်ရွက်ခဲ့ရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ၂၀၁၄ ခုနှစ်ကစတဲ့ မော်တော်ယာဉ်သက်တမ်းကိုသာ သတ်မှတ်ဆောင်ရွက်သွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013