DVB Logo
Home
သတင်းတို
အက်စ်အန်အယ်လ်ဒီ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား ကျင်းပမည်
DVB
·
October 25, 2013
အက်စ်အန်အယ်လ်ဒီ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား ကျင်းပမည်
Donate to DVB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)ရဲ့ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ပါတီရဲ့ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပါတီက ၂၅ နှစ်ပြည့်ပေမယ့် အခြေအနေအရ နိုဝင်ဘာမှ ကျင်းပဖြစ်တာလို့ ဆိုပါတယ်။


စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ရည်ရွယ်ချက်ဟာလည်း တချို့သောသူတွေရဲ့ ပျောက်ပျက်အောင်နဲ့ လမ်းလွဲအောင် သိမ်းသွင်း စည်းရုံးမှုတွေ ရှိနေပေမယ့် ရည်ရွယ်ချက်ကို မရောက်ရောက်အောင် သွားသင့်တဲ့အကြောင်း ပါတီက သွေးသစ်တွေကို အသိပေးဖို့နဲ့ ကြိုးစားခဲ့တဲ့ မျိုးဆက်ဟောင်းတွေရဲ့ ဂုဏ်ထူးဝိသေသတွေကို ဂုဏ်ပြုဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခမ်းအနားမှာ အက်စ်အန်အယ်လ်ဒီရဲ့ ၂၅ နှစ် ဖြတ်သန်းမှု သမိုင်းစာအုပ်ကို ထုတ်ဝေသွားမှာ ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကြေညာချက်နဲ့ ရှမ်းပါတီ အချင်းချင်း ပေါင်းစည်းရေးနဲ့ မပေါင်းစည်းရေးကိစ္စတွေကိုလည်း သဘောထား ကြေညာချက်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013