ပဲခူးက ဗကသ ကျောင်းသားဈာပနတွင် စစ်တပ်က အလစ်ဝင်ပစ်
DVB
·
March 28, 2021

1 / 4
ပဲခူးမြို့မှာ ဒီကနေ့မတ်လ ၂၈ ရက်မှာပြုလုပ်တဲ့ ဗကသကျောင်းသား ကိုသဲမောင်မောင်ရဲ့ နာရေးဈာပနကို စစ်တပ်က အလစ်ဝင်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားကြီး မွတ်စလင်သုသာန်မှာ လုပ်နေတဲ့ ဈာပနကို ပဲခူး ဗကသနဲ့ နွေဦးတော်လှန်ရေးစစ်ကြောင်းတွေ တက်ရောက်ဂုဏ်ပြုနေချိန်မှာ စစ်ကောင်စီ ရဲ့လက်နက်ကိုင်တပ်က အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးမှာ မနေ့က စစ်တပ်က ပစ်ခတ်လို့ ကိုသဲမောင်မောင်ရဲ့ ကျောမှာ သေနတ်ဒဏ်ရာရပြီး ဒီမနက် အစောပိုင်းက ကျဆုံးခဲ့တာပါ။











