DVB Logo
Home
မြန်မာသတင်း
တရားမ၀င် မြန်မာတဦးထံမှ ရာဘမူးယစ်ဆေး ၁ သိန်း ဖမ်းမိ
DVB
·
October 25, 2013
တရားမ၀င် မြန်မာတဦးထံမှ ရာဘမူးယစ်ဆေး ၁ သိန်း ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းခရိုင်ထဲမှာ အဝေးပြေးကားပေါ် စီးနင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတဦးဆီက ရာဘ ခေါ် မြင်းဆေး အလုံး ၁ သိန်းဖမ်းဆီးရမိတယ်လို့ ပို့စ်တူဒေး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အဲဒီ မူးယစ်ဆေးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခွဲ အချိန်က ချင်းမိုင် - ဘန်ကောက် အဝေးပြေးခရီးသည်တင် ဘတ်စ်ကားပေါ်ကနေ ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းခရိုင် ဒုခရိုင်ဝန် နိုင်းဆုဖချိုင်းအိမ့်ဆုဝမ်းနဲ့ ဆုပ်ပလပ် မြို့နယ်ရဲစခန်းက ရဲမှူး ဗိုလ်မှူး ဖွန်းချိုင်းတို့ရဲ့ ရှင်းလင်းပြောပြချက်အရ အဲဒီလမ်းကြောင်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာဖို့ ရှိကြောင်း ကြိုတင်သတင်းရရှိထားပြီး ယာဉ်အသွားအလာ တွေ စောင့်ကြပ်စစ်ဆေးခဲ့ရာမှာ ကိုးသုံးလုံးကုမ္ပဏီပိုင် ယာဉ်အမှတ် ၁၅-၃၀၀၇ ချင်းမိုင် - ဘန်ကောက် ခရီးသည်တင်ကားပေါ်က ခရီးသည်တဦးဆီကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ခရီးသည်ရဲ့ မှတ်ပုံတင်စစ်ဆေးရာမှာ လူရွယ်တဦးက မှတ်ပုံတင် အထောက်အထား မပြနိုင်တဲ့အတွက် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ မေးမြန်းချက်အရ လူရွယ်ရဲ့ အမည်မှာ ကိုမိုင်း အသက် ၂၈ နှစ်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ မြန်မာ ပြည်က ၀င်လာကြောင်း ဖြေဆိုခဲ့ပါတယ်။

ဆက်လက်ပြီး သူရဲ့ ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာတော့ မြန်မာစာ အမှတ်တံဆိပ် အသားခြောက်ထုပ်တွေနဲ့ ဖုံးအုပ်ထားတဲ့ အထုပ် ၅ ထုပ်ကို တွေ့ရှိပြီး အတွင်းမှာ ဘတ်သန်း ၃၀ လောက် တန်ဖိုးရှိမယ့် ရာဘမူးယစ်ဆေး စုစုပေါင်း အလုံး ၁ သိန်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ကိုမိုင်းရဲ့ ဖွင့်ဆိုချက်အရ ချင်းမိုင်က အဝေးပြေးကားပေါ်တက်ခါနီးအချိန် လူတစ်ယောက် ရောက်လာပြီး ဘန်ကောက်ကို အိတ် ၁ လုံး သယ်ပေးဖို့ ပြောကြောင်း၊ သယ်ဆောင်ခ ဘတ် ၃ ထောင် ပေးတဲ့အတွက် ယူလာခဲ့ကြောင်း၊ အထုတ်အပ်သူ ဘယ်သူဘယ်ဝါဆိုတာ မသိရကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။
သူကို လိုအပ်သလို ဆက်လက်စစ်ဆေးအရေးယူဖို့ ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်း ထားကြောင်း ပို့စ်တူဒေးသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013