DVB Logo
Home
သတင်းတို
မန္တလေးတွင် ကုန်ဆိပ်ကမ်းကြီး တည်ဆောက်မည်
DVB
·
October 25, 2013
Donate to DVB

မန္တလေးမြို့မှာ ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ကုန်တင်ကုန်ချဆိပ်ကမ်းကြီးတခု တည်ဖောက်ဖို့ စီစဉ်နေတယ်လို့ ဒီနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတ၀န်း ကုန်စည်စီးဆင်းမှု ပိုများလာတဲ့အတွက် ရထား၊ ကား၊ ရေကြောင်း ခရီးစဉ်တွေနဲ့ ပို့ဆောင်ရာမှာ အဆင်ပြေစေရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ သတင်းက ဆိုပါတယ်။

ကုန်တင်ကုန်ချ ဆိပ်ကမ်းကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မြို့ပတ်လမ်းနဲ့ ဧရာဝတီမြစ်ကမ်းနားမှာ တည်ဆောက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့နဲ့ royal tree service တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မန္တလေး ကုန်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဒေသခံတွေရဲ့ သဘောထား၊ လိုလားချက်တွေကို သိရှိလေ့လာဖို့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013