DVB Logo
Home
မြန်မာသတင်း
အကြီးစားစက်မှုလုပ်ငန်းများ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေး
DVB
·
October 25, 2013
Donate to DVB

အစိုးရရဲ့ အကြီးစားစက်မှုလုပ်ငန်းတွေ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးသွားဖို့ ရှိတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီးက သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အသေးစား၊ အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပေါင်းလုပ်သွားမယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးမျိုးအောင်က နေပြည်တော် စက်မှုဝန်ကြီးဌာနရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

န၀တ၊ နအဖစစ်အစိုးရလက်ထက်နာက်ပိုင်း စက်မှုဝန်ကြီးဌာန လက်အောက်မှာ နိုင်ငံပိုင်စက်ရုံ ၇၀ ရုံ ကျန်ခဲ့ပြီး ကားထုတ်လုပ်တဲ့စက်ရုံ ၃ ရုံ အပါအ၀င် စက်ရုံပေါင်း ၆၀ ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ ကျန်သေးပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး အစိုးရရဲ့ စက်ရုံတွေကို ဆက်လက်လုပ်ကိုင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဇုန်ကားထုတ်လုပ်တဲ့ လုပ်ငန်းရှင် ဦးမင်းသူက အခုလို ပြောပါတယ်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံတွေ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်တွေပေးပြီး နောက်ပိုင်းတွင် ၀န်ကြီးဌာနသည် ကြီးကြပ်ကွပ်ကဲတဲ့ ဦးစီဌာနအဖြစ်နဲ့သာ ရပ်တည်သွားတော့မယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ထည့်ပြောခဲ့ပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013