Home
မြန်မာသတင်း
ခင်ဦးမြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့်ကျဆုံးသွားသည့် ပြည်သူ ၂ ဦး၏ ဈာပန ကျင်းပ
DVB
·
March 26, 2021
Khinoo3
Khinoo2
Khinoo
Ko
ko2
ko4
ko3

စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားတဲ့ ပြည်သူ ၂ ဦးရဲ့ ဈာပနကို  ဒီကနေ့ မတ်လ ၂၆ ရက် ညနေ ၄ နာရီမှာ   ကံသစ်ကျေးရွာရှိ သုသာန်မှာ ကျင်းပရာမှာ    ဒေသခံလူထုအင်အား ၁၀၀၀ လောက် တက်ရောက်ပြီး  ဂုဏ်ပြု ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

မတ်လ ၂၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာစီတန်း ဆန္ဒဖော်ထုတ်နေစဉ် နေလယ်ပိုင်း ၁၂ နာရီလောက်မှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦးသေဆုံး ကာ  ၁ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ကျဆုံးသွားသူ  ၂ ဦးကတော့ ခင်ဦးမြို့နယ် ကံသစ်စံပြကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင်တိုးဇော်အောင်နဲ့ ခင်ဦးမြို့ မြကန်သာရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မောင်ဇော်ဝင်းမောင်တို့ ဖြစ်ကြပါတယ်။

မောင်တိုးဇော်အောင်ရဲ့ လက်မောင်းမှာကျည်ထိခဲ့လို့ ရွှေဘိုဆေးရုံဆီကို စစ်တပ်က လူနာတင်ကားနဲ့ ပို့ဆောင်တုန်း ကျဆုံးခဲ့တာဖြစ်ပြီး မောင်ဇော်ဝင်းမောင်ကတော့ ဝမ်းဗိုက်သေနတ်ထိမှန် ကျဆုံးခဲ့တာပါ။

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရွှေဘိုဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး အလောင်းကို မိသားစုတွေဆီ ပြန်ပေးခဲ့လို့ ကံသစ်စံပြကျေးရွာမှာပဲ သူတို့ ၂ ယောက်လုံးရဲ့ဈာပနကို ပြုလုပ်ခဲ့ပါတယ်။

မောင်တိုးဇော်အောင်ဟာ ခင်ဦးမြို့နယ် မြေစာရင်းဦးစီးဌာနက CDM ဝန်ထမ်းတယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024