DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုကို အမေရိကန်နှင့် ဗြိတိန်က ပိတ်ဆို့အရေးယူ
DVB
·
March 26, 2021
စစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုကို အမေရိကန်နှင့် ဗြိတိန်က ပိတ်ဆို့အရေးယူ
Donate to DVB

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က  မတ်လ ၂၅  ရက်နေ့မှာ  ပို့ဆို့ဒဏ်ခတ် အရေးယူ မှုတွေပြုလုပ်ခဲ့ပါတယ်။

အခုလို စီးပွားရေးပိတ်ဆို့ရတာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုရင်တော့ အခုလို ပြုလုပ်ရတာဟာ တိုင်းပြည်ရဲ့ များပြားတဲ့ ဓနဥစ္စာတွေကို  စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ ဒီစီးပွားရေးလုပ်ငန်းကြီးတွေက တဆင့်ရယူထားတာ ဖြစ်တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

ဒီစစ်တပ်ကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းကြီးတွေဟာ  တိုင်းပြည်စီးပွားရေးကို ကြီးမားတဲ့ အတိုင်းအတာ တစ်ခုထိ လွှမ်းမိုးခြယ်လှယ် ထားတာလည်းတွေ့ရပါတယ်။

မြန်မာစီးပွားရေးကိုခြယ်လှယ်လုပ်ကိုင်တဲ့အခါမှာ  ဆောက်လုပ်ရေး၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းတွေ အထိ လည်ပတ်လုပ်ကိုင်နေတာ တွေ့ရတဲ့အကြောင်းလည်းဖော်ပြထားပါတယ်။

အခုလို အရေးယူပိတ်ဆို့လိုက်တာနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာကလည်း အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့  လုပ်ဆောင်ချက်အပေါ်ကျေနပ်ဝမ်းမြောက်ကြောင်းနဲ့  တခြားနိုင်ငံက ခေါင်းဆောင်တွေလည်း အချင်းချင်းပူးပေါင်းပြီး ပိုမိုပြင်းထန်ထိရောက်တဲ့   (Targeted Sanction) ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေကိုချမှတ်စေလိုကြောင်းပြောကြားထားပါတယ်။

အလားတူ   မြန်မာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာပြုလုပ်ခဲ့တဲ့  ကြားနာပွဲမှာလည်း လက်ရှိ အာဏာမတရားရယူထားတဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ် မပြုဖို့၊ ပိတ်ဆို့ အရေးယူမှုတွေလုပ်တဲ့အခါ စစ်အုပ်စုကိုပိုပြီး အထိနာစေမယ့်  Collective Sanctions တွေကို နိုင်ငံတကာအဖွဲ့အစည်းတိုင်းက ပူးပေါင်းလုပ်ဆောင်သွားဖို့ ၊ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကိုလည်း ပိတ်ဆို့အရေးယူမှုတွေဆောင်ရွက်ဖို့၊ အစိုးရရဲ့ လက်ရှိကျူးလွန်နေတဲ့ ရက်စက်မှုတွေ အမြန်ဆုံးရပ်တန့်သွားဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့   စတဲ့ အချက်တွေကိုတောင်းဆို ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ သူတွေကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနရဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Atul Keshap၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ ယာယီ ဒု လက်ထောက်ဝန်ကြီး Scott Busby တို့နဲ့အတူ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသမီးရေးရာ သံအမတ်ကြီးဟောင်း Kelley Currie တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013