
စစ်ကိုင်းတိုင်း၊ ကဘော်ချိုင့်ဝှမ်းမြို့တော်၊ တမူးမြို့မှာ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီခန့်အချိန်က ရွှေဆိုင်တစ်ဆိုင် ရဲအဝိုင်းခံရတာကနေ ပြည်သူတွေက သံပုံးတီးပြီး ပြန်ဝိုင်းရာက အကြမ်းဖက်လက်နက်ကိုင်တပ်ကားပေါ်ကနေ အသွားအပြန်ပစ်ခတ်ခဲ့တဲ့အတွက် လူတစ်ဦး ရင်ဘတ်ကျည်ထိ ကျဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေနတ်ထိမှန်ကျဆုံးသွားတဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိုးမင်းအောင် (ခ) ဖိုးကုလားရဲ့ဈာပနကို ဒီနေ့နေ့လယ် နှစ်နာရီအချိန်က ကျင်းပခဲ့ပြီး ပေါင်းထောင်ချီလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
ပြင်းထန်ဒဏ်ရာရရှိသူတချို့ကိုလည်း အိန္ဒိယနိုင်ငံဖက်ခြမ်းရှိ အင်ဖာမြို့ကိုပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ တမူးမြို့တွင်း အကြမ်းဖက် လက်နက်ကိုင်တပ်တွေက အင်အားတိုးချဲ့ထားသလို ပြည်သူတွေကလည်း ရပ်ကွက်တွေအတွင်း စစ်ကားရဲကား မလာနိုင်အောင် ပိတ်ဆို့မှုတွေ ပြုလုပ်နေကြပါတယ်။











