ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး GZ လူငယ်များဆန္ဒပြ
DVB
·
March 26, 2021

1 / 8
ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ ဒီနေ့ မတ်လ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေ ပြောက်ကျား သပိတ်တစ်ခုပြုလုပ်နိုင်ခဲ့ပါတယ်။
သပိတ်စတင်ပြီးမကြာခင် ရဲကားရောက်လာလို့ လူစုခွဲခဲ့ရပေမယ့် စစ်အုပ်စုရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေပြင်းထန်နေတဲ့ အခုလိုကာလ ဆူးလေမှာ ဆန္ဒထုတ်ဖော်ခွင့်ရအောင်လုပ်နိုင်ခဲ့လို့ ကျေနပ်တယ်လို့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။










