DVB Logo
Home
မြန်မာသတင်း
လျော်ကြေးမယူထားသည့် လယ်မြေများ ဖျက်ဆီးခံနေရ
DVB
·
October 24, 2013
လျော်ကြေးမယူထားသည့် လယ်မြေများ ဖျက်ဆီးခံနေရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသခံ ၁၅၀ လောက်ဟာ လျော်ကြေးမယူထားတဲ့ မြေယာတွေမှာ စိုက်ထားတဲ့သီးနှံတွေ ဖျက်ဆီးခံရလို့ မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်နဲ့ ဆည်တည်း ကျေးရွာတွေက လျော်ကြေး မယူထားတဲ့ ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ၊ ပြောင်းနဲ့ နှမ်းစိုက်ခင်းတွေကို  တာဝန်ကျလုံထိန်းရဲတွေရဲ့ အကာအကွယ်နဲ့ ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းတွေက မြေထိုးစက်တွေနဲ့ ထိုးပြီး လမ်းဖောက် ဖျက်ဆီးခဲ့တဲ့အတွက် မနေ့နေ့လယ်ပိုင်းက လိပ်ခွံတောင်ပေါ်တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ ဆည်တည်းကျေးရွာနေ တောင်သူ မရီဝင်းက "လျော်ကြေးမယူရသေးတဲ့ ယာခင်းထဲက ပဲစင်းငုံခင်းနဲ့ နှမ်းခင်းကို မတရားဖျက်ဆီးသွားတယ်။ သက်သက်မဲ့ကို အနိုင်ကျင့် စီးနင်း မတရားဖျက်ဆီးတယ်လို့ ကျမတို့ယူဆတယ်။ တောင်ခြေရဲ့ ပတ်ပတ်လည်မှာလည်း သံဇကာတွေ ၀ိုင်းထားတယ်။ ၂၂ ရက်နေ့ကတည်းက စပြီးတော့ လိပ်ခွံတောင်ပေါ်မှာ ရှိတဲ့ ပဲစင်းငုံခင်းနဲ့ နှမ်းခင်းကိုလည်း ဘော်ဒိုဇာ ကြီးနဲ့ ထိုးပစ်တယ်ရှင့်။"

အခုလို လျော်ကြေးမယူထားတဲ့ မြေယာတွေမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ၀င်ရောက်ဖျက်ဆီးနေတာနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကို တင်ပြပေမယ့်လည်း အခြေအနေ ဘာမှ မထူးလာဘူးလို့ တုံရွာ ကျေးရွာသစ်ကျေရွာသား ကိုအောင်မျိုးသန့်က ပြောပါတယ်။

“ဗိုလ်မှူးကြီး ကြည်နိုင်ကို တင်ပြတော့လည်း ဖြေရှင်းပေးပါမယ်လို့ ပြောပြီး မဖြေရှင်းဘူး မြေတိုင်းလုပ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပြောတဲ့အခါကြတော့လည်း ဆက်ဆံရေးရုံးကို သွားရမယ်လို့ပြောတယ်။”

ဒီနေ့ နေ့လယ်ပိုင်းမှာ မြေယာလျော်ကြေး ကိစ္စတွေအတွက် လက်ပန်းတောင်းတောင် ကျေးရွာ ၁၂ ရွာက ဒေသခံ တောင်သူ ၁၂၀ ကျော် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ ကိုမင်းမင်းက “ဒီမြေယာလျော်ကြေးနဲ့ ပတ်သက်ပြီးတော့ တိတိကျကျဆုံးဖြတ်ပေးနိုင်တဲ့သူ။ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်တဲ့သူ တဦးတယောက်နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အတိအကျပဲ ညှိနှိုင်းတော့မယ်။ စာမတင်တော့ဘူးလို့ အဲဒီလို ဆုံးဖြတ်ထားတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လက်ပံတောင်းဒေသခံ ရွာသားတွေရဲ့ နှမ်းခင်းတွေ ဖျက်ဆီးခံရတာနဲ့ လျော်ကြေးငွေမယူတဲ့ ရွာသားတွေရဲ့မြေတွေပါ ခြံခတ်ခံရတာတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့  လျော်ကြေးပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ပါသေးတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ရွာသားတွေရဲ့ လိုလားချက်တွေကို ရေးမှတ်သွားပြီး နောက်တကြိမ်ထပ်မံတွေဆုံဖို့ ကတိပြုပြီး ပြန်သွားကြပါတယ်။
ဒါပေမယ့် တစုံတရာ ဆုံးဖြတ်ချက်မပေးတဲ့အတွက် မကျေနပ်ကြတဲ့ ရွာသားတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့ခင်းပိုင်းက ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး သူတို့ လယ်မြေတွေမှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီနောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ မိုးကြိုးပြင်နဲ့ ဆည်တည်းကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ မနေ့က ထပ်ပြီး  ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ဒီစီမံကိန်းပြန်စမယ်ဆိုရင် EIA၊ SIA (ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုဘ၀ ဆန်းစစ်ချက် စစ်တမ်း) မရှိဘဲ ဒီစီမံကိန်းပြန်မစသင့်ကြောင်းနဲ့ လယ်ယာမြေ လျော်ကြေးတွေ သတ်မှတ်ချက်က ဒေသခံတွေရဲ့ ဒီနေ့ ပေါက်ဈေးအရ ကွာခြားနေတဲ့အပေါ်မှာ လွှဲမှားနေတဲ့အချက်အပါအ၀င် အချက် ၂၁ ချက်ကို အကာင်အထည်ဖော်ရေး ကော်မတီထံ တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013