DVB Logo
Home
သတင်းတို
မွန်ပြည်နယ် ဂက်စ်တာဘိုင် စီမံကိန်း ရခိုင်ပြောင်းရွှေ့ရေး ဆိုင်းငံ့
DVB
·
October 24, 2013
Donate to DVB

သမ္မတက သ၀ဏ်လွှာပေးပို့ တင်ပြတဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ တည်ဆောက်မယ့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ရခိုင်ပြည်နယ် ကျောက်ဖြူ ရွှေ့ပြောင်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က လက်မခံသေးဘဲ ဆိုင်းငံ့ထားလိုက်တယ်လို့ နာယက သူရဦးရွှေမန်းက ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တရုတ်နိုင်ငံ EXIM ဘဏ်က ချေးငွေ ဒေါ်လာ ၅၇ သန်းနဲ့ ဆောင်ရွက်မယ့် စီမံကိန်းဆိုင်ရာ သမ္မတရဲ့ ဒီ သ၀ဏ်လွှာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် ရေးမြို့နယ် အမတ် ဒေါက်တာဗညားအောင်မိုးက ဒီလို စီမံကိန်း ရွှေ့ပြောင်းမယ်ဆိုရင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်အမတ်တွေ သိက္ခာကျမယ်၊ မွန်ပြည်သူတွေ ယုံကြည်မှု ကျဆင်းမယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဒီကန့်ကွက်ချက်ကြောင့် ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့ သ၀ဏ်လွှာကို လက်မခံ သေးပဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မထိခိုက်အောင် ပြန်လည် သုံးသပ် တင်ပြစေဖို့ သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013