DVB Logo
Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူ မောင်ကြည်စက်လှိုင်၏ ဈာပနကျင်းပ
DVB
·
March 25, 2021
ကျောက်ပန်းတောင်းမြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူ မောင်ကြည်စက်လှိုင်၏ ဈာပနကျင်းပ
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ  စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ရက်စက်စွာ ပစ်သတ်ခံလိုက်ရတဲ့ သူရဲကောင်း မောင်ကြည်စက်လှိုင်(ခ)ဘိုကြည် ၂၃ နှစ် ရဲ့  နောက်ဆုံးခရီး ဈာပနကို ဒီကနေ့ကျင်းပရာမှာ ပြည်သူလူထုအင်အား သောင်းချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဈာပနမှာ လိုက်ပါပို့ဆောင်ကြသူတွေက ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့သူတွေကို အလေးပြုတာ၊ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊ ကျောက်ပန်းတောင်းမြို့ နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ကျဆုံးသွားသော သူရဲကောင်း ကောင်းဆက်လှိုင် ကို အောက်မေ့သောအားဖြင့် ၈ စက္ကန့်ငြိမ်သက်က အလေးပြုခဲ့ကြပြီး  အရေးတော်ပုံ အောင်ရမည်လို့ သံပြိုင်ကြွေးကြော် ခဲ့ကြပါတယ်။

မတ်လ ၂၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး  ညသပိတ်ကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းပြီးပြုလုပ်နေစဉ် ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်လို့ မောင်ကြည်စက်လှိုင်(ခ)ဘိုကြည် ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013