DVB Logo
Home
မြန်မာသတင်း
သာစည်ရထားဝန်ထမ်းများ မတ် ၃၁ ရက်နောက်ဆုံးထား အလုပ်ပြန်မဝင်လျှင် ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားရမည်
DVB
·
March 25, 2021
သာစည်ရထားဝန်ထမ်းများ မတ် ၃၁ ရက်နောက်ဆုံးထား အလုပ်ပြန်မဝင်လျှင် ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားရမည်
1 / 4
Donate to DVB

မန္တလေးတိုင်း သာစည်မြို့ သာစည်မီးရထားဝန်ထမ်းများ မတ်လ ၃၁ရက်နောက်ဆုံးထား အလုပ်ပြန်မဝင်ပါက ဝန်ထမ်းအိမ်ရာက ဖယ်ရှားပေးဖို့ မတ်လ ၂၅ ရက်နေ့ စာပို့လာတာကြောင့် ဝန်ထမ်းမိသားစုတွေ ဝန်ထမ်းအိမ်ယာတွေက ဖယ်ရှားပေးနေတယ်လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်တော့လို့ မီးရထားဝန်ထမ်ူတွေ CDMလုပ်နေတာကြာပါပြီ အဲတာကို စာတွေထုတ်ပြီး အကြပ်ကိုင်လာတာပါ။ ဝန်ထမ်းတွေက ဆင်းရဲကြပါတယ် စားသောက်ရေးတောင် အခက်အခဲရှိပါတယ်။ အာဏာရှင်ကို အလိုမရှိတာ ပြသနေတာပါ။ ဘယ်နားနေရနေရ ရုန်းကန်ရင်ဆိုင်နေထိုင်သွားမှာပါ"လို့ ပြောပါတယ်။

သာစည်မီးရထားဘူတာမှာ မီးရထားဝန်ထမ်းအိမ်ယာမှာနေထိုင်တဲ့ မီးရထားဝန်ထမ်း ၅၀၀ ကျော်ဟာ မိသားစုတွနဲ့ နေထိုင်ပါတယ်။ 

မြန်မာတနိုင်ငံလုံး မီးရထားဘူတာရုံပိုင်ချုပ် ရုံးထိုင်တဲ့ ပဲခူး-ပျဉ်မနား-နေပြည်တော်  သာစည်ဘူတာ ဆိုပြီး ဘူတာ ၄ခုရှိပါတယ်။ 

ရုံပိုင်ချုပ်ကြီး ရုံးထိုင်တာ ရန်ကုန်-မန္တလေး-မြစ်ကြီးနား ဘူတာဆိုပြီး ဘူတာ ၃ ခုရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013