DVB Logo
Home
မြန်မာသတင်း
ထားဝယ်တိုင်းရင်းသားများပါတီ တည်ထောင်ခွင့်ကျပြီ
DVB
·
October 24, 2013
Donate to DVB

ထားဝယ်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပထမဆုံး နိုင်ငံရေးပါတီတခုကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထူထောင်ခွင့်ပြုလိုက်ပါတယ်။

ဦးမောင်မောင်အေး ဦးဆောင်တဲ့ ၁၉ ဦးပါ အဖွဲ့ကနေပြီး ထားဝယ်တိုင်းရင်းသားများ ပါတီကို တည်ထောင်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ထံမှာ   လျှောက်ထားခဲ့ရာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီပါတီကို တည်ထောင်ခြင်းအားဖြင့် ထားဝယ်ဒေသခံတွေအတွက် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးပိုင်းမှာ  ပိုမို အကျိုးဖြစ်ထွန်းအောင် ရည်ရွယ်ထားတယ်လို့   ပါတီဖြစ်မြောက်ရေး ကော်မီတီရဲ့ ဒုတိယ ခေါင်းဆောင် ဦးဇော်ဦးက ပြောပါတယ်။

“နိုင်ငံတော် တည်ဆောင်ရေးနဲ့ ပြည်ထောင်စု တည်ဆောက်ရေးလို့ ပြောလို့ရပါတယ်။ ပြည်ထောင်စုဆိုတော့ တိုင်းရင်းသား ပေါင်းစုံ ပါကြတာလေ။ ထားဝယ်ကလည်း တိုင်းရင်းသားတမျိုး လူမျိုးတမျိုးအနေနဲ့ သူရဲ့ ၀ိဒေသပေါ့နော်။ အဲဒါတွေကို ခိုင်ခိုင်မာမာ ဖြစ်အောင်ရယ်။ နောက်တခုက ကျနော်တို့ အခုလက်ရှိ ထားဝယ်ဒေသဘေးမှာ ထားဝယ်အထူးစီးပွားရေး စက်မှုဇုန်ရယ်၊ နောက် ရေနက်ဆိပ်ကမ်းရယ်ရှိတယ်လေ။ အဲဒီဟာတွေက နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်ရမှာတွေ အများကြီး ရှိပါတယ်။ တဖက်ကလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေက လုပ်နေသလိုမျိုး နိုင်ငံရေးဘက်ကနေ လုပ်ဖို့အတွက် အဓိကကတော့ အစိမ်းရောင်စီးပွားရေးခေါ်မှာပေါ့နော်၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တိုးတက်မှုတွေကိုပဲ လုပ်မှာပေါ့နော်။ ”

ဒီပါတီအနေနဲ့ ထားဝယ်တိုင်းရင်းသားတွေကို  ကိုယ်စားပြုတဲ့  ပထမဆုံးနိုင်ငံရေးပါတီ ဖြစ်ပြီး လာမယ့်  ၂၀၁၅ ရွေးကောက်ပွဲကျရင် တနင်္သာရီတိုင်းကို အဓိကထား ရွေးကောက်ပွဲဝင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပါတီဖွဲ့စည်းပုံရေးဆွဲနေပြီး ပြီးရင်တော့ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေ ရွေးချယ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ထားဝယ်တိုင်းရင်းသားပါတီ ဆိုပေမယ့် ထားဝယ်ဒေသ မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးပါဝင်နိုင်တယ်လို့လည်း  ဦးဇော်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013