
စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ မတ် ၂၄ ရက် ည ၁၀ နာရီလောက်က အောင်ချမ်းသာရပ်ကွက်အတွင်း ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ကင်းစောင့်နေစဉ် စစ်ကောင်စီရဲ့ ရဲနဲ့စစ်တပ်ရောက်ရှိလာပြီး ကင်းသမား ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ရပ်ရွာလုံခြုံရေးကင်းသမားတွေ ဖမ်းဆီးခံရတဲ့အတွက် မြို့ပေါ်က ပြည်သူလူထုနဲ့ရွာတွေက ပြည်သူ လူထုတွေ ပူးပေါင်းပြီး မြို့အဝင်အထွက်လမ်းတွေ ပိတ်ဆို့ကာ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုနေစဉ်အတွင်း အချက် ၅၀ ကျော်အထိသေနတ် ပစ်ဖောက်လူစုခွဲတာတွေ လုပ်ခဲ့ပေမဲ့ ပြည်သူလူထုက ဆက်လက်တောင်းဆိုတာတွေ လုပ်ခဲ့တဲ့အတွက် ည ၁ နာရီခန့်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့ပြီး စစ်တပ်နဲ့ရဲတွေ ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောမှာတော့ ခင်ဦးမြို့အဝင်လမ်းမကြီးတွေနဲ့လမ်းသွယ်အားလုံးကို ပြည်သူလူထု ရဲ့ အသက်အိုးအိမ်ကာကွယ်ရေးအတွက် ပြည်သူတွေက ခေတ္တပိတ်ဆို့ထားတယ်လို့ သိရပါတယ်။











