DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရ အချက် ၇ ချက် သဘောတူ
DVB
·
October 23, 2013
ကေအန်ပီပီနှင့် အစိုးရ အချက် ၇ ချက် သဘောတူ
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မှာ ကျင်းပနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့တို့ ရဲ့ နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အချက် ၇ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

အောက်တိုဘာလ ၂၂ နဲ့ ၂၃ ရက် ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီးမှာ တပြည်လုံးအတိုင်း တာဆောင်တဲ့ အပစ်ခတ်ရပ်ဆဲနိုင်ဖို့၊ မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ဖက်ပူးတွဲလုပ်ဆောင် သွားဖို့နဲ့ ပြည်နယ်ဒေသတွင်းမှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သွားဖို့ အပါအ၀င် အချက် ၇ ရက်ကို သဘောတူခဲ့ကြပါတယ်။

ဒီသဘောတူညီချက်တွေထဲမှာ နှစ်ဖက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကို တရားဝင် အသိမှတ်ပြုကြောင်း၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဖို့နဲ့ နှစ်ဖက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိပါးလာတဲ့ ဖြစ်စဉ်ဖြစ်လာရင် နှစ်ဖက်ဖွဲ့စည်းထားတဲ့ ပူးပေါင်းစောင့်ကြည့်ရေးအဖွဲ့တွေကနေတဆင့် အရေးယူ သွားဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် သဘောတူညီထားတဲ့ ပြည်တွင်း ဒုက္ခသည်အရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့တပ် ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကေအန်ပီပီအတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က အခုလို ရှင်းပြပါတယ်။

“နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် ကေအန်ပီပီက ကူညီဆောင်ရွက်ပေးမယ်ဆိုတာမျိုး သဘောတူတယ်။
ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) အတွက် စမ်းသပ် စီမံကိန်းတခု ပူးပေါင်းဆောင်ရွက်ဖို့၊ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့၊ ကေအန်ပီပီ မိသားစုတွေ စားဝတ်နေရေးအတွက် နိုင်ငံတော်ကနေပြီး တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးဖို့၊ စစ်သင်တန်းကျောင်းကြောင့် ထိခိုက်ခံရတဲ့ ရွာတွေဘက်က လျှပ်စစ်မီးမရတဲ့ ၂ ရွာကို အထူးအစီအစဉ်အရ ဆိုလာစနစ်နဲ့ဖြစ်ဖြစ် လုပ်ပေးဖို့ စတဲ့အချက်တွေ သဘောတူတယ်။”

ဒါ့အပြင် ဒီကနေ့ တပ်ပိုင်းဆိုင်ရာ ကိစ္စဆွေးနွေးရာမှာ နှစ်ဖက် စစ်ရေး လျှောချဖို့၊ လူထု အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ မြင်တဲ့တပ်စခန်းတချို့ကို ရုပ်သိမ်းပေးဖို့လည်း ဆွေးနွေး ခဲ့ကြတယ်လို့ ပြောပါတယ်။
တတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဆွေနွေးပွဲဖြစ်တဲ့အတွက် နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတဲ့အတွက် အများကြီး တိုးတက်မှုရှိတယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ကေအန်ပီပီ လိုချင်တာ ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်။ တပ်မတော်ဘက်က လုပ်ပေးတာ ၇၀ လောက် ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျနော့်အမြင်နဲ့ ပြောရရင် အများကြီး တိုးတက်တယ်၊ အများကြီး ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ခဲ့ာကပါတယ်။
ဒီတခေါက်ဆွေးနွေးပွဲမှာ ကေအန်ပီပီဘက်က ဒု-ဥက္ကဋ္ဌ ခူးဦးရယ်အပါအ၀င် ကိုယ်စား လှယ် ၅ ဦးနဲ့ အစိုးရဘက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ ဒု-ဥက္ကဌ ဦးအောင်မင်း အပါအ၀င် ဒေသဆိုင်ရာ စစ်ဘက် ခေါင်းဆောင်း တချို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013