
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ မတ်လ ၂၂ ရက် မနက်ပိုင်းက မင်းအောင်လှိုင်ခေါင်ဆောင်တဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် သင်္ချိုင်းမှာ ကျိန်စာတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိန်စာတိုက်တဲ့နေရာမှာ လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာရှင်နဲ့ လက်ပါးစေတွေ ဒီကျိန်စာစူးပါစေဆိုတဲ့စတာတွေ ပါဝင်ပြီး လူမဲ့အသံတိတ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ညောင်တုန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလာခဲ့တာ ၄၄ ရက်မြောက်ရှိပြီလည်းဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၄၄ ရက်အတွင်း ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၂ ကြိမ်ရှိပြီး ဆန္ဒပြရာ မှာလိုက်ပါသူတွေနဲ့ အကာကွယ်ပြုလုပ်သူတွေကို ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ











