DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပါတီဝင် ၂၀၀ ကျော်ဖမ်းဆီးခံထားရပြီး ၅ ဦး သတ်ဖြတ်ခံရ
DVB
·
March 21, 2021
အန်အယ်လ်ဒီ ပါတီဝင် ၂၀၀ ကျော်ဖမ်းဆီးခံထားရပြီး ၅ ဦး သတ်ဖြတ်ခံရ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် အန်အယ်လ်ဒီ ပါတီဝင် ၂၀၀ ကျော် အဖမ်းခံနေရပြီး အနည်းဆုံး ပါတီဝင် ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ပါတီဝင် ၃ ဦးသာ နာမည်ဖော်နိုင်ပြီး ကျန်တဲ့ပါတီဝင်​တွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားထားတယ်လို့ ဆိုပါတယ်။ 

အန်အယ်လ်ဒီ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကလည်း သေချာပြီး ဘယ်နေရမှာ ဖမ်းဆီးထားတယ်ဆိုတာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဦးဘမျိုးသိန်းက ဆိုပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်နေပေမယ့် ပါတီအနေနဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေက ရပ်တန့်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေဟာ အရင်ကလမ်းမကြီးတွေမှာ ပစ်ခတ်ခဲ့တာကနေ လက်ရှိမှာ လူနေရပ်ကွက်တွေ လမ်းကြားတွေထဲအထိဝင်ရောက် ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေသလို ရပ်ထားတဲ့ကားတွေကိုပါ ဖျက်ဆီးတဲ့အထိ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူ စုစုပေါင်း ၂၄၇ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013