DVB Logo
Home
မြန်မာသတင်း
အီလက်ထရောနစ်ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြု
DVB
·
October 22, 2013
အီလက်ထရောနစ်ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြု
Donate to DVB

နအဖ စစ်အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရောနစ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

[caption id="attachment_42772" align="alignright" width="300" caption="ဦးသိန်းညွန့် (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)"][/caption]သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့် တင်သွင်းတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ဆက်လက် ပေးပို့ရဦးမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုပြီးမှ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် ပေးပို့ အတည်ပြုရမယ်။ အဲ့ဒီနောက် နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး သမ္မတရဲ့ ပြင်ဆင်ချက်မရှိမှ ဥပဒေအတည်ဖြစ်မယ်လို့ ဥပဒေကြမ်းတင်သွင်းတဲ့ အမတ်ဦးသိန်းညွန့်က ပြောပြပါတယ်။

အရင် စစ်အစိုးရလက်ထက်က အီးမေးလ် ၁ စောင် ထောင် ၁၅ နှစ် ချမှတ်တဲ့ ဥပဒေပါအပိုဒ်ကို သူပြင်ဆင်လိုက်ပုံကိုလည်း ဦးသိန်းညွန့်က ခုလို ပြောပါတယ်။

“ပုဒ်မ ၃၃ ကနေ ၃၈ ပါ အချက်တွေကို အဓိက ပြင်ဆင်ပြီး ပေးပို့တာပဲ။ မူလ ဥပဒေ ပုဒ်မ ၃၃ မှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ရဲ့ စီးပွားရေး၊ အမျိုးသားယဉ်ကျေးမှု ထိခိုက်တဲ့ ပြုလုပ်မှုတခုကို ပြုရင် အဲဒါနဲ့ ပတ်သက်တဲ့ နိုင်ငံတော် လျှို့ဝှက်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်ကို ရယူရင်၊ ပေးပို့ဖြန့်ချိရင် အရင်တုန်းက ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ် သတ်မှတ်ထားတယ်။

“အဲဒီ ပုဒ်မ အပေါ်မှာ ကျနော် ဘယ်လို ပြင်ဆင်လိုက်လဲဆိုရင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှာ အများဆုံး ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး ပြည်သူတို့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနဲ့ မဆန့်ကျင်သော မိမိရဲ့ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားဖြန့်ဝေခွင့်နဲ့ မသက်ဆိုင်ဆိုတာကို ကင်းလွတ်ခွင့် ဖြစ်စေတယ်။ ကျန်တဲ့ ပုဒ်မ ၃၄ ကနေ ၃၈ အထိကို အရင်တုန်းက ထောင်ဒဏ် ၅ နှစ်တို့ ထောင်ဒဏ် ၃ နှစ်တို့ ထောင်ဒဏ် ၁ တို့ကို ငွေဒဏ်တွေ သတ်မှတ်လိုက်တယ်။ ငွေဒဏ်မဆောင်နိုင်မှသာ ထောင်ဒဏ်ချမှတ်ရမယ်လို့ ပြင်ဆင်လိုက်တယ်။”

အခု အီလက်ထရောနစ်ဥပဒေဟာ နောင်မှာ စီးပွားရေးဆိုင်ရာ အီလက်ထရောနစ် ဥပဒေ ထွက်လာရင် ရုပ်သိမ်းရမယ့် ဥပဒေမျိုး ဖြစ်တယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

ဦးသိန်းညွန့်ရဲ့ ပြင်ဆင်ချက်အပေါ် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ငွေဒဏ်မ ဆောင်နိုင်မှ ထောင်ဒဏ် ချမှတ်ရန်ဆိုတဲ့အစား ထောင်ဒဏ်ထည့်သွင်းသတ်မှတ် ပြင်ဆင်ပြီး အတည်ပြုလိုက်ပါတယ်။

အရင် စစ်အစိုးရဟာ ၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဒီ အီလက်ထရောနစ်ဥပဒေနဲ့ နိုင်ငံရေး သဘောထား ကွဲလွဲတဲ့သူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဦးသိန်းညွန့်ဟာ ဒီဥပဒေကို ဖျက်သိမ်းဖို့ လွှတ်တော်တင်ခဲ့တာဖြစ်ပြီး မအောင်မြင်တဲ့ အတွက် ပြင်ဆင်တဲ့ဥပဒေ ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013