DVB Logo
Home
သတင်းတို
ကေအန်ပီပီနှင့် အစိုးရ ဆွေးနွေး
DVB
·
October 22, 2013
Donate to DVB

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။

ဒီနေ့မနက်ပိုင်း ဆွေးနွေးပွဲ ခေတ္တနားချိန် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ ဦးလှမောင်ရွှေကို မေးမြန်းရာမှာ အချက် ၇ ချက်ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
“အဓိက ကေအန်ပီပီဘက်က တင်ထားတဲ့ ခေါင်းစဉ် ၄ ခုရှိတယ်။ ကျနော်တို့ဘက်က တင်ထားတဲ့ ခေါင်းစဉ် ၃ ခု ရှိတယ်။ အဲဒီ ၇ ခုကို ဆွေးနွေးကြမှာပါ။”

ဆွေးနွေးမယ့် အချက်တွေကတော့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး၊ ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) ကိစ္စ၊ တပ်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး စတာတွေအပါအ၀င် အချက် ၇ ချက်ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ဒီနေ့မနက် ဆွေးနွေးပွဲမှာ နှစ်ဖက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ဝင် ၁၀ ဦးရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရနဲ့  ကေအန်ပီပီအကြား ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့ အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013