DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
DVB
·
October 21, 2013
ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးပွဲကျင်းပမယ့် ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေ ပြောပါတယ်။

[caption id="attachment_40797" align="alignleft" width="300" caption="ကေအန်ပီပီနှင့်အစိုးရ ပြီးခဲ့တဲ့ ဇွန်က တွေ့ဆုံဆွေးနွေးစဉ်"][/caption]

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ဒီနေ့ တွေ့ဆုံဖို့ ရှိပေမယ့် အစိုးရဘက်က ၀န်ကြီး စုံလင်တက်ရောက်နိုင်ဖို့  ရက်ရွှေ့လိုက်တာလို့ ကေအန်ပီပီအတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက  ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကတော့ ဒီနေ့ဟာ ၀န်ကြီးတွေ အစည်းအဝေးရှိတဲ့အတွက် ၂၂ ရက်နေ့ကို ရွှေ့လိုက်တာလို့ ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာ ၂၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးလို့ မပြီးပြတ်ရင်  ၂၃ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့  ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီတကြိမ် တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ ဇွန်လဆွေးနွေးပွဲတုန်းက  မပြီးပြတ်သေးတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စအပြင်၊ ပြည်တွင်းဒုက္ခသည်တွေကိစ္စကို ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲဟာ ပြည်ထောင်စုအဆင့် တတိယအကြိမ် ဆွေးနွေးမှု ဖြစ်ပြီး ကေအန်ပီပီဘက်က ဒုဥက္ကဋ္ဌ ခူးဦးရယ်အပါအ၀င် ကိုယ်စားလှယ် ၅ ဦးနဲ့ အစိုးရဘက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ၀န်ကြီးတချို့ တက်ရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ကနေ ၂၀ ရက်နေ့အထိ နှစ်ဖက်ဆွေးနွေပွဲမှာ  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊  အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးဆက်လက် ဆောင်ရွက်ဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးဖို့၊ ပြည်တွင်း ဌာနေမဲ့ အိုင်ဒီပီတွေကို ပြန်လည်နေရာချထားရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စ ညှိုနှိုင်းဆောင်ရွက်ဖို့ စတဲ့ အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အစိုးရနဲ့  ကေအန်ပီပီအကြား ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ပြည်နယ်အဆင့်တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့ အချက် ၂၀ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အပြည့်အစုံ အသံဖိုင် နားဆင်ရန်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013