DVB Logo
Home
အာရှဒေသ
တရုတ်ရိုးရာဆေးဝါးများကို အသေအချာ စစ်ဆေးနေ
DVB
·
October 21, 2013
တရုတ်ရိုးရာဆေးဝါးများကို အသေအချာ စစ်ဆေးနေ
Donate to DVB

နှစ်ထောင်ချီ ရှိနေပြီဖြစ်တဲ့ ရိုးရာဆေးဝါးတွေနဲ့ ဆေးကုသမှုတွေကို အက်ဒယ်လ်လိုက်ဒ် တက္ကသိုလ်က ဆောင်ရွက်တဲ့ သိပ္ပံနည်းကျ စစ်ဆေးလေ့လာမှုတွေ လုပ်နေပါတယ်။

တောင်ပိုင်း ဩစတြေးလျတက္ကသိုလ်က တရုတ်ရိုးရာဆေးဝါးတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ရှာဖွေကြည့်ရှုနိုင်ဖို့ သုတေသနဌာနသစ်တခု ထူထောင်ဖို့ တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၅ သန်းကျော် လက်ခံရရှိထားပါတယ်။

တရုတ်ရိုးရာဆေးဝါးတွေဟာ သိပ္ပံပညာအရ ပြောလို့မရနိုင်ပါဘူးလို့ ပြောတဲ့သူတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် မော်လီကျူလာသိပ္ပံပညာ ဒေးဗစ်အက်ဒယ်လ်ဆန်ကတော့ သိပ်မသေချာ လှသေးလို့ အဲဒါတွေကို စမ်းသပ်ဖို့ လုပ်နေတာလို့ ဆိုပါတယ်။

“အသေအချာပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားတို့ သတိရရမှာက အနာက်တိုင်းက အသုံးများတဲ့ ဆေးတွေကနေ ကာကွယ်ဆေးတွေနဲ့ ကုသဆေးတွေ အများစုအထိဟာ အပင် အခြေပြု ဖြစ်ပြီး သစ်ဥ၊ သစ်ဖုကုထုံးတွေအနေနဲ့ စတင်ခဲ့တယ်ဆိုတာပဲ။”

ပါမောက္ခ အက်ဒယ်လ်ဆန်ရဲ့ လေ့လာမှုက တရုတ်ဆေးဝါးတွေထဲ အများစုမှာ အသုံး ပြုနေတဲ့ အပင် ၂ မျိုးကို လေ့လာကြည့်ရှုထားတာ ဖြစ်ပါတယ်။

သူတို့က ဟွမ်ခီဆိုတာကို အစာအိမ်နဲ့ အသည်းကင်ဆာ ကုသခံနေတဲ့ လူနာတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

နောက် ခူရှင်းကတော့ ဆီးချို အမျိုးအစားအမှတ် ၂ လိုမျိုး ဂလူးကို့စ် ခံနိုင်ရည် မရှိတဲ့ လူတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

ဒေးဗစ်အက်ဒယ်လ်ဆန်က “ကျနော် သိထားတာအရတော့ အဲဒီအပင်တွေကို မော်လီကျူးလ်အဆင့်မှာ ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့စနစ်တွေရဲ့ ဇီဝဗေဒချဉ်းကပ်ပုံလို့ ကျနော်တို့ ခေါ်တဲ့နည်းကို အသုံးပြုနေတဲ့ တခြားနေရာ ၁ ခု ဒါမှမဟုတ် ၂ ခုပဲ ရှိပါတယ်။ အဲဒါက  ကျနော်တို့ကို ထူးခြား စေတာပေါ့” လို့ ပြောပါတယ်။

ဒီလေ့လာမှုရဲ့ နောက် ထူးခြားတဲ့ အစိတ်အပိုင်းတရပ်ကတော့ အဲဒါရဲ့ ငွေကြေးရန်ပုံငွေ ရရှိပုံပါပဲ။
အက်ဒယ်လ်လိုက်ဒ်တက္ကသိုလ်က တရုတ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီတခုတို့ နဲ့ သဘောတူညီမှုတခု ပြုလုပ်ထားပြီး ဩစတြေးလျတောင်ပိုင်းမှာ သုတေသနဌာနသစ်တခု ဖန်တီးပေးဖို့ ဒေါ်လာ ၅ သန်းကျော် သုံးစွဲပေးရမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ရဲ့ အဆိုအရ ရန်ပုံငွေကြေး ၁ နှစ် နောက်ကျနေတာမျိုးက အရင်တုန်းက မကြုံဖူးတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။

တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ ပါမောက္ခ ၀ါရင်ဘက်ဘင်တန်ကတော့ ဒါဟာ တရုတ် နိုင်ငံနဲ့ ပိုပြီး အနီးကပ်ဆက်ဆံရေး ဖန်တီးမှုရဲ့ အဆင့်တွေ အများကြီးထဲက တဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီမှာ ကျနော်တို့နဲ့ လာလေ့လာသင်ယူနေတဲ့ ကျောင်းသားပေါင်း ၄၀၀၀ ရှိပါတယ်။ ဒါဟာ နိုင်ငံရပ်ခြားက ထောက်ပံ့လို့ လာတက်နေကြတဲ့ အများဆုံး ကျောင်းသားအရေအတွက် ဖြစ်ပြီး သူတို့က တရုတ်ပြည်မကပါ။ ကျနော်တို့ရဲ့ အကြီးမားဆုံးကျောင်းသားနဲ့ ကျောင်းသူဟောင်းတွေ ရှိတဲ့နေရာဟာလည်း တရုတ်ပြည်မပါပဲဗျာ။ တကယ်လို့ ကျနော်က ကျောင်းသားဟောင်းများ တွေ့ဆုံပွဲကို ရှန်ဟိုင်း ဒါမှမဟုတ် ပေကျင်းမှာ လုပ်မယ်ဆိုရင် တရုတ်လူငယ်တွေ ရာနဲ့ ချီပြီး ရှိနေပြီလေ။ ဒါကြောင့် တရုတ်ပြည်ဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် အရေးကြီးမှု ပိုပြီး တိုးများလာနေသလို အဲဒါဟာ ကျနော်တို့ရဲ့ သုတေသနခြေလှမ်းတွေရဲ့ ခြေလှမ်းတခုလည်း ဖြစ်တယ်ဗျ။”

ဒီးနာဆီယိုပဲလ်လာက သူ တရုတ်ဆေးဝါးတွေကို လေ့လာဆောင်ရွက်နေတဲ့ နှစ်ကာလ တွေအတွင်းမှာ တောင်းဆိုမှုအားက တိုးများလာနေတယ်လို့ ပြောပါတယ်။

“အဲဒါက ကျမ ပထမ စခဲ့တဲ့အချိန်ကနဲ့ နှိုင်းယှဉ်လိုက်ရင် တဖြည်းဖြည်း လူကြိုက်များမှု ပမာဏက တိုးများ မြင့်တက်လာတယ်လေ။ ကျမထင်တယ်၊ အဲဒါကို အထောက်အကူဖြစ်စေတာက လူတွေက သူတို့ရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ပိုပြီးသိမြင်လာကြသလို ကျန်းမာရေးအတွက် တခြား ရွေးချယ်စရာတွေကိုလည်း ရှာလာကြလို့ပဲရှင့်။ တချို့ အနာအကျင် ပျောက်ကင်းစေတဲ့ ဆေးတချို့ကို သောက်ဖို့ လို နေတယ်ဆိုတာမျိုးတင် မဟုတ်တော့ဘဲ သူတို့ရဲ့ ကျန်းမာရေးအတွက် လိုအပ်နေတာတွေကို အထောက်အပံ့ ဖြစ်စေတဲ့ မတူကွဲပြားတဲ့ လမ်းကြောင်းတွေကို ရှာကြတာပါပဲ။”

သူငယ်ချင်းတယောက် တိုက်တွန်းချက်နဲ့ ဒီးနာဆီယိုပဲလ်လာဆီကို ရောက်လာတဲ့ ပေါ်လာမက်ကာတာက

“ကျမက တကယ်ပဲ ဘာမှ မလုပ်ချင်မကိုင်ချင်အောင် ဖြစ်သွားတာပါ။ တကယ် ပင်ပန်းနွမ်းနယ်၊ ခေါင်းတွေကလည်း မကြည်လင်၊ အာရုံစူးစိုက်လို့ကလည်း မရ ဖြစ်ခဲ့တာပါရှင်။ တကယ်စဉ်းစားလိုက်ရင် ကျမအရင်က ရှိခဲ့တဲ့ အခြေအနေမှာတင် မဟုတ်တော့တာ၊ ဒီနာဆီကို လာခဲ့တာပါပဲ။ တကယ်ပဲ ကျမ ကောင်းလာပြီရှင့် အများကြီး သက်သာလာပါတယ်။ ကျမရဲ့ အင်အားအဆင့်က အများကြီး မြင့်တက်လာတယ်၊ ပိုပြီးတက်ကြွ လန်းဆန်းလာတယ်။ မှတ်ဥာဏ်လည်း အများကြီးပိုကောင်းလာ တယ်။ အားလုံးခြုံပြောရရင် ဒီ အခြေအနေမှာ ကျမ အများကြီး ပိုသက်သာလာပါပြီ။”

သူ စပြီး လုပ်ခဲ့တဲ့ အချိန်တုန်းက ဒီးနာဆီယိုပဲလ်လာဟာ သစ်ဥနဲ့ သစ်ဖုရိုင်းကနေ လက်ဖက်ရည်ကို ဖန်တီးယူခဲ့တာပါ။

ဒီနေ့မှာတော့ တရုတ်ဆေးဝါးလုပ်ငန်းတွေ စက်မှုလုပ်ငန်းဖြစ်လာတာနဲ့အတူ အဲဒီလက် ဖက်ရည်က ပိုပြီး သန့်စင်လာပါပြီ။ အဲဒီဆေးတွေကို ထုတ်လုပ်ပေးနေတဲ့ ကျင်ဒေါင်းအုပ်စုက သူတို့ရဲ့ လေ့လာ စူးစမ်းမှုတွဲဖက် ဖြစ်ပါတယ်။

ဒါပေမယ့် ပါမောက္ခ အက်ဒယ်လ်ဆန်ကတော့ အဲဒါက သူရဲ့ တွေ့ရှိမှုတွေပေါ်မှာတော့ ဩဇာ သက်ရောက်မှု မရှိပါဘူးလို့ ပြောပါတယ်။

“ကျနော်တို့ လက်ခံရရှိခဲ့တဲ့ငွေတွေက လှူဒါန်းငွေတွေပါ။ အဲဒါကို သုတေသနဌာန တည်ဆောက်ရေးမှာ သုံးပါတယ်။ နောက် ဌာနကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ကျနော်တို့ ထုတ်ဝေတာတွေအတွက်ကတော့ သဘောတူ ထောက်ခံမှု မရှိပါဘူး။ ကျနော်တို့က သူတို့ကို ပူးပေါင်းဆောင်ရွက်သူတွေ၊ တွဲဖက်တွေအဖြစ် တန်ဖိုးထားပါတယ်။ ဒါပေမယ့် အဆုံးတနေ့မှာတော့ သိပ္ပွံပညာက ဒီအကြောင်းကို ပြောပြပါလိမ့်မယ်။ အကယ်လို့ တခုခုက အလုပ်မဖြစ်ဘူး၊ ဘာသက်ရောက်မှုမှမရှိဘူး၊ ဒါမှမဟုတ် ပြောင်းလဲမှု မြင့်မားတယ်၊ ဘာမှ သုံးမရတဲ့ ဟာပဲဆိုတာမျိုး ပြလာရင် ကျနော်တို့ကလည်း အဲဒီလိုပဲ ပြောမှာပါပဲ။”

ပါမောက္ခ ဒေးဗစ်  အက်ဒယ်လ်ဆန်က နှစ် ထောင်နဲ့ ချီပြီး ကုသမှု ပေးလာတဲ့ ရိုးရာကုထုံးတွေကို သိပ္ပံနည်းကျ စမ်းသပ်ကြဖို့ အချိန်ရောက်နေပြီလို့ ပြောပါတယ်။

“ကျနော်က အလှည့်အပြောင်းကုထုံးတွေနဲ့ ဆေးဝါးတွေကို အမြဲတမ်း သံသယ ရှိပါတယ်။ အဲဒီမှာ သံသယဖြစ်စရာတွေ  အများကြီးရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် တကယ့် အချက်က အလုပ် တကယ်ဖြစ်တဲ့ဟာတွေ ရှိနေပြီး သူတို့ကို စနစ်တကျ မဖော်ပြခဲ့ဘူး။ ကျနော်တို့က အဲဒါတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မသိကြသလို အဲဒါဟာ အသက်ရဲ့ လိုအပ်မှုတခုလို့ မသိကြတာပေါ့ဗျာ။

“ခင်ဗျားတို့ သွားတဲ့ နေရာတိုင်းမှာ ဒေသက လူတွေက အို အအေးမိတာလား၊ ခင်ဗျား ဒါလေး သောက်ဖို့ လိုမယ်ဗျဆိုတာမျိုး သူတို့ ပြောကြတာ တွေ့ရမယ်လေ။ ကြက်စွပ်ပြုပ် ဒါမှမဟုတ် တခြားတခုခု ဖြစ်ချင် ဖြစ်မယ်ပေါ့။ ဒေသတွင်းမှာက တခုခု အမြဲရှိတယ်လေ။ အချို့ စားစရာနဲ့ လုပ်ထားတတ်တဲ့ ရှုပ်ထွေးတဲ့ ကုထုံးတွေရှိမယ်။ စလုပ်ခါစ နည်းစဉ်မျိုးပေါ့ဗျာ။ ဒီတော့ ကျနော်တို့ကလည်း သိပ္ပံပညာရှင်တွေဆိုတော့ အဲဒါတွေကို ကြည့်ရတော့မှာပေါ့။”

အာရှဒေသအစီအစဉ်အတွက် ရေဒီယို ဩစတြေးလျ သတင်းထောက် လီးမက်လင်နင် က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013