မန္တလေး အမရပူရသပိတ်စစ်ကြောင်း စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြ
DVB
·
March 16, 2021

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း စစ်ကားတွေ ရဲကားတွေနဲ့ နေရာတိုင်းမှာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ အသင့်လုပ်ထားပေမယ့် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက လူဦးရေထောင်ချီပါတဲ့ အမရပူရသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကြောင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြည်သူလူထု တို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။










