DVB Logo
Home
မြန်မာသတင်း
ဂါးဒီးယန်း ဦးစိန်ဝင်း ဈာပန (သတင်းဓာတ်ပုံ)
DVB
·
October 20, 2013
ဂါးဒီးယန်း ဦးစိန်ဝင်း ဈာပန (သတင်းဓာတ်ပုံ)
Donate to DVB

ရန်ကုန်မြို့ အမှတ် ၂၈၃ ဦးဝိစာရလမ်း စမ်းချောင်းမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း(အသက် ၉၂ နှစ်)ရဲ့ ဈာပနကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။

ဂါးဒီးယန်း ဦးစိန်ဝင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးတည်ထောင်တဲ့ နိုင်ငံခြား သတင်းထောက်များအသင်းရဲ့ နာယကတဦးဖြစ်ပြီး သတင်းစာလောကမှာ ကျင်လည်ရင်း ၃ ကြိမ်တိုင်တိုင် ထိန်းသိမ်းခံရဖူးပါတယ်။ သူရဲ့သတင်းစာ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်ချက်တွေကြောင့် ၁၉၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ရွှေကလောင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးတည်ထောင်တဲ့ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပြီးနောက် နောက်ပိုင်းတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/U sein Win20102013/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013