DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထုဆန္ဒပိုမိုများပြား
DVB
·
October 20, 2013
ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထုဆန္ဒပိုမိုများပြား
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကော်မတီဟာ အဖွဲ့ ၇ ဖွဲ့ခွဲပြီး ပြည်နယ်တိုင်း ၁၄ ခုစလုံးမှာ ပြည်သူ့ဆန္ဒယူနေကြရာမှာ ဖွဲ့စည်းပုံ ပြင်ချင်တဲ့ဆန္ဒပေးကြတာ များတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖွဲ့စည်းပံပြုင်ဆင်ရေးကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်ဟာ အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်တွေထဲ သွားပြီး  ပြည်သူ့ဆန္ဒ ယူနေပါတယ်။ သူရောက်ခဲ့တဲ့ မြို့နယ်တွေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို သူ ပြောပြတာက

“၁၆ ရက်နေ့က မူဆယ်မှ လုပ်ပါတယ်။ ၁၇ ရက်နေ့က လားရှိုးမှာလုပ်တယ်။ ၁၈ ရက်နေ့က ကျောက်မဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပတ်သက်ပြီး ပွဲလုပ်ပါတယ်။ မူဆယ်မှာ လူ ၁၅၀ ကျော်တက်ပါတယ်။ လားရှိုးမှာ လူ ၈၀၀ ကျော်တက်တယ်။ ကျောက်မဲမှာ လူ ၄၀၀ ကျော်တက်ပါတယ်။ အားလုံးနီးပါးလိုလိုက ပြင်ဆင်မယ်လို့ ဆန္ဒပေးကြပါတယ်။”

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အောက်တိုဘာလ ၁၈ ရက်က  ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးကော်မတီ ပြည်သူဆန္ဒယူပွဲ တက်ခဲ့တဲ့ မော်လမြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်ကလည်း ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပြုကြတာများတယ်လို့ ပြောပါတယ်။

“ပြင်ဖို့ပဲ ဆန္ဒပေးတာများတယ်။ အသစ်ရေးဖို့က ခန့်မှန်းခြေ လူ ၂၀ လောက်ပဲ ရှိမယ်။ ကျန်တဲ့သူ သုံး လေးရာက ပြင်ဖို့ ဆန္ဒရှိပါတယ်။”

အခမ်းအနား တက်ရောက်လာတဲ့ ပြည်သူတွေကြည့်ရတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကိစ္စမှာ စိတ်ဝင်တစား ရှိကြတယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်ကပဲ ပဲခူးတိုင်းထဲ ခရီးထွက် ဟောပြော ဆန္ဒရယူခဲ့တဲ့ ကော်မတီဝင်  ဦးကိုနီ ကတော့ ဖြူးမြို့နယ်ပြည်သူတွေက အသစ်ဆွဲဖို့ ဆန္ဒပြုတယ်လို့ ပြောပါတယ်။

“အောက်တိုဘာလ ၁၄ ရက်နေ့ ဖြူးမှာ ဟောတယ်။ ပရိသတ် ၁၃၀၀ လောက်တက်တယ်။ အဲဒီမှာ အသစ်ရေးတဲ့နည်းနဲ့ ပြောင်းလဲချင်တဲ့ အုပ်စုက ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြင်ဆင်တဲ့နည်းနဲ့ ပြောင်းလဲ ချင်တဲ့ အုပ်စုက ၂၅ ရာခိုင်နှုန်းလောက်ရှိတယ်။”

တောင်ငူခရိုင်ထဲမှာတော့ ၈၀ ရာခိုင်နှုန်းက ပြင်ဖို့ ဆန္ဒပြုကြပြီး ၂၀ ရာခိုင်နှုန်းက အသစ်ရေးဖို့ ဆန္ဒဲပြုကြကြောင်း ပြောပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်ထဲက ပြည်သူတွေကလည်း ပြင်ဖို့ ဆန္ဒ့ပြုကြတယ်လို့ ဖျာပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောပါတယ်။

“ဦးဥာဏ်ဝင်းကနေပြီးတော့ ပြင်ဆင်ချင်တဲ့သူရှိလားလို့ မေးတော့ အားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့အတွက် ဆန္ဒရှိကြတယ်လို့ ပြောတယ်။ အဲဒါဆို အသစ်ရေးဆွဲဖို့ ဆန္ဒရှိကြသလားလို့ မေးတော့ ဘာမှ ဆန္ဒမပြုကြဘူးပေါ့။ အဲဒီတော့ ကျနော်တို့က ပြင်ဆင်ရေးဆွဲဖို့ကို အားလုံးက သဘောတူဆုံးဖြတ်လိုက်ပါတယ်။ ”

ဧရာဝတီတိုင်းထဲမှာ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်းနဲ့ ဦးကျော်ဟိုးတို့ ခေါင်းဆောင်ပြီး ပြည်သူ့ဆန္ဒ ယူနေကြတာဖြစ်ပါတယ်။

အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ကော်မတီဝင်တွေဟာ အောက်တိုဘာလ ဒုတိယပတ် လောက်ကစလို့  ပြည်နယ်တိုင်းအနှံ့ဆင်းပြီး ပြည်သူ့ဆန္ဒယူနေကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက် နောက်ဆုံးထား  ဆန္ဒယူကြမှာဖြစ်ပြီး ရရှိလာတဲ့ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်တင်မှာ ဖြစ်ပါတယ်ဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013