
ပဲခူးမြို့ မော်ကန်၊ ဆိုရှယ်၊ ပုဏ္ဏားစု စတဲ့ရပ်ကွက် လမ်းတွေထဲကို မတ်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က မနေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ လူတဦး ကျည်ဆန်ထိမှန်ပြီး တဦး စိုးရမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေ အင်အား အလုံးအရင်းနဲ့ဝင်လာပြီ ဘူဒိုဇာတွေနဲ့ ပြည်သူတွေပြုလုပ်ထားတဲ့အတားအဆီးတွေကို ဖယ်ရှားပြီး လမ်းအတွင်း ပစ်ခတ်တာတွေ လုပ်ခဲ့တာပါ။
အဲဒီလို ပစ်ခတ်မှုတွေလုပ်တဲ့အတွက် ဆိုရှယ်လစ်ရပ်ကွက်ကနေ ထွက်ကြည့်တဲ့သူတွေကို လှမ်းပစ်တဲ့အတွက် ၂ ဦးကျည်ထိမှန်ပြီး ၁ ဦးက စိုးရိမ်ရတယ်လို့ ကနဦး သိရပါတယ်။











