DVB Logo
Home
မြန်မာသတင်း
ဗုံးပေါက်ကွဲမှုတွေမှာ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် ပါဝင်ပတ်သက်ဟု ကေအန်ယူ ပြော
DVB
·
October 20, 2013
ဗုံးပေါက်ကွဲမှုတွေမှာ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် ပါဝင်ပတ်သက်ဟု  ကေအန်ယူ ပြော
Donate to DVB

လတ်တလော ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တွေမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက အောက်ခြေအဆင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ကေအန်ယူက ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ကေအန်ယူရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ဗဟိုဦးဆောင်ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“သူက မြို့နယ်အဆင့်မှာပဲ ရှိတယ်။ အောက်ခြေရဲ့ စီးပွားရေး တာဝန်ခံ။ ကေအန်ယူဗဟိုရဲ့ စီးပွားရေး တာဝန်ခံမဟုတ်ဘူး။ ဒေသဆိုင်ရာ အစိတ်အပိုင်းလေးတခုရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ရှေ့တန်းရောက်မှုကြောင့် စီးပွားရေးသမား နိုင်ငံရေးသမားတွေ နောက်ကွယ်က စီစဉ်ညွှန်ကြားမှုတွေကြောင့်လို့ လေ့လာသုံးသပ်လို့ရပါတယ်။ ဒါကြောင့် ဒါကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013