ပိတ်ဆို့မှုများကြားက မန္တလေးမြို့တွင် ဆိုင်ကယ်စစ်ကြောင်းများ ချီတက်ဆန္ဒပြ
DVB
·
March 14, 2021

1 / 2
စစ်တပ်နဲ့ ရဲက တားမြစ်မှုတွေ၊ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့ကြားက မန္တလေးမြို့က ဆိုင်ကယ်စစ်ကြောင်းတွေဟာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသားဟောင်းတွေနဲ့ ဆရာ ဆရာမတွေဟာ မတ်လ ၁၄ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြတာပါ။











