DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တပ်များ အရပ်ဘက်အုပ်ချုပ်မှုအောက်ရှိရန် မူချမှတ်
DVB
·
October 19, 2013
လက်နက်ကိုင်တပ်များ အရပ်ဘက်အုပ်ချုပ်မှုအောက်ရှိရန် မူချမှတ်
Donate to DVB

လက်နက်ကိုင်တပ်ဖွဲ့တွေကို အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ ထားရမယ်လို့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်ရဲ့ ပထမအကြိမ် လူထုဆွေးနွေးပွဲမှာ အခြေခံမူ ချမှတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်ရဲ့ ပထမအကြိမ် လူထုဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အောက်တိုဘာ ၁၇ ရက်က ကျင်းပခဲ့ပြီး အဖွဲ့ပေါင်း ၆၀ လောက်ရဲ့ ဆွေးနွေးသဘောတူချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူ ၈ ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။

အဲဒီအချက်တွေကတော့ အချုပ်အခြာအာဏာ ပြည်သူထံက ဆင်းသက်ရမယ်၊ အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ လက်နက်ကိုင်တပ်တွေ ထားရမယ်၊ ပြည်ထောင်စုကို ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မူနဲ့ ဖွဲ့ရမယ်၊ လူနည်းစုအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်၊

ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှမှုတွေကို အခြေခံရမယ်၊ ပါတီစုံစနစ်ကို ကျင့်သုံးရမှာဖြစ်ပြီး ဘာသာရေးကို အခြေမခံရဘူး စတဲ့အချက်တွေ ပါဝင်ပါတယ်။

အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ လက်နက်ကိုင်တပ်တွေ ထားရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကွန်ရက်အဖွဲ့ဝင် နော်စူဇန်နာ လှလှစိုးက အများသဘောတူ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ကျားမဆိုင်ရာ တန်းတူညီမှုမျှ အခြေခံမူနဲ့ ပတ်သက်လို့လည်း နော်စူဇန်နာ လှလှစိုးက “ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအတွက် အခွင့်အရေး ရဖို့တို့၊ အခြေခံဥပဒေမှာပါတဲ့ သမ္မတဖြစ်ရမယ့် အနေအထားမှာ စစ်အတွေ့အကြုံရှိရမယ့်ဟာကိုလည်း ထောက်ပြတဲ့သူတွေ ရှိတယ်။ အဲဒါကြောင့် ကြေညာချက်ထုတ်တဲ့အချိန်မှာ အဲဒီအချက်ထည့်ဖို့ ကျမတို့အားလုံး သဘောတူလိုက်တယ်။"

ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြည်သူထံ အကြံပြုတောင်းခံတဲ့ နောက်ဆုံးသတ်မှတ်ရက်နဲ့ လုပ်ငန်းစဉ်တွေဟာ လူထုရဲ့သဘောထားကို ထင်ဟပ်နိုင်ခြင်းမရှိတဲ့အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ညီတဲ့ ဖွဲ့စည်းပုံတရပ်ပေါ်ပေါက်ရေးအတွက် လူထုသဘောထား ကျယ်ကျယ်ပြန့်ပြန့် ရဖို့ နိုင်ငံတ၀န်း ဆောင်ရွက်သွားမယ်လို့ ကွန်ရက်က ဆိုပါတယ်။

အဲဒီလူထုဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးဖြစ်စဉ်၊ အရပ်ဘက်စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ စတဲ့ ခေါင်းစဉ် ၅ ခုကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013