DVB Logo
Home
မြန်မာသတင်း
လယ်မြေနှင့်ပတ်သက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
October 19, 2013
လယ်မြေနှင့်ပတ်သက်ပြီး ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

လယ်သမားတွေကို ဖမ်းဆီးနေခြင်းအားဖြင့်  လယ်မြေပြသနာတွေ မပြေလည်တဲ့အပြင် တိုင်းပြည်တည်ငြိမ်မှုကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က အုပ်ချုပ်ရေးပိုင်းကို သတိပေးလိုက်ပါတယ်။

အစိုးရက လယ်သမားအရေးဆောင်ရွက်သူတွေကို ဖမ်းဆည်းချုပ်နှောင်နေတဲ့အပေါ်  လယ်သမားတွေက မနေ့က ရန်ကုန်မြို့ ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတဲ့အပေါ် အစိုးရသစ်လက်ထက် ပွင့်လင်းလာတဲ့အခါ ပြန်လည်ရယူလိုမှုအတွက် ၀ိုင်းဝန်းကူညီကြိုးပမ်းပေးသူတွေကို ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲဆိုခံရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေက သူတို့လယ်တွေကို ပြန်လည်ရရှိလိုကြောင်းနဲ့ သူတို့လယ်တွေပြန်ရဖို့ ကူညီရင်း ဖမ်းဆီးတရားစွဲခံရသူတွေ ခြွင်းချက်မရှိ ပြန်လွတ်မြောက်ရေးကို လိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

သာစည်မြို့နယ် လယ်ကန်အုပ်စု သဲတောကျေးရွာမှာတော့  စက်မှု ၁ ၀န်ကြီးဌာနက နိုင်ငံတော်စိုက်ခြံဆိုပြီး သရက်၊ မာလကာ စိုက်ဖို့ သိမ်းဆည်းခဲ့တယ်လို့ သာစည်မြို့ခံ ကိုမောင်တင့်က ပြောပါတယ်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဌာနကလည်း လယ်သမားအရေးနဲ့ စပ်လျဉ်းပြီး အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ သိမ်းဆည်းလယ်ယာမြေတွေပြန်ပေးဖို့နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လယ်သမားနဲ့ လယ်သမားရေးဆောင်ရွက်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ တပ်မတော်၊ ကုမ္ပဏီ၊ သမ၀ါယမ စတဲ့ အဖွဲ့တွေက သိမ်းဆည်းထားပြီး ပြန်ရရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ် ၂၅ ခုကို ဥပမာပေးရှင်းလင်းထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ထွက်ရှိခဲ့တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေဟာ မျှတမှုမရှိ ဖြစ်နေတယ်ဆိုတာကို ကိုထွန်းမြင့်အောင် ထောက်ပြပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013