DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက စနစ်တကျအကြမ်းဖက်သတ်ဖြတ်ခဲ့သည့် ရုပ်သံ AI ထုတ်ပြန်
DVB
·
March 12, 2021
ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက စနစ်တကျအကြမ်းဖက်သတ်ဖြတ်ခဲ့သည့် ရုပ်သံ AI ထုတ်ပြန်
1 / 2
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို  အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူသေစေနိုင်တဲ့ စစ်ပွဲသုံးလက်နက်တွေသုံးပြီး  စနစ်တကျ ကြိုတင်ကြံစည် အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က အထောက်အထား ရုပ်သံဗီဒီယိုတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့  ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှု အထောက်အထား ဗီဒီယို ၅၀ ကျော်ကို စစ်ဆေးလေ့လာပြီး  ဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့နေရာတွေကို ရုပ်သံတွေ၊ ဓာတ်ပုံတွေနဲ့  မြေပုံတွေနဲ့ တကွ အသေးစိတ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အရင်က တိုင်းရင်းသားလူနည်းစုတွေအပေါ် ကြမ်းကြုတ်ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကျူးလွန် လုပ်ဆောင်ခဲ့သလို အခုလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာပါလုပ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဥပဒေပြင်ပကွပ်မျက်မှုတွေ လူသတ်မှုတွေကို တပ်မှူးတွေရဲ့ အမိန့်ပေးချက်အရ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

https://youtu.be/qooWPOaXSvo
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013