DVB Logo
Home
မြန်မာသတင်း
ယခုလအတွက် ဆင်းကတ် ၃ သိန်း ၆ သောင်း ရောင်းပေးမည်
DVB
·
October 18, 2013
ယခုလအတွက် ဆင်းကတ် ၃ သိန်း ၆ သောင်း ရောင်းပေးမည်
Donate to DVB

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ လစဉ် မိုဘိုင်းဖုန်းဆင်းကတ် ခွဲတမ်းနဲ့ ရောင်းချပေးရေး အစီအစဉ်အရ အောက်တိုဘာလအတွက် ဆင်းကဒ် စုစုပေါင်း ၃ သိန်း ၆ သောင်း ရောင်းချပေးမယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ကျပ်ငွေ ၁၅၀၀ နဲ့ ရောင်းချပေမယ့် ဆင်းကတ်တွေထဲမှာ ရိုးရိုး ဂျီအက်စ်အမ် ဆင်းကတ် ၂ သိန်း ၅ သောင်း ၈ ထောင် နဲ့ 3G ဂျီအက်စ်အမ် ဆင်းကတ် ၁ သိန်း ၂ ထောင် ပါဝင်ပြီး စီဒီအမ်အေ ဆင်းကတ်တွေတော့ ပါဝင်ခြင်း မရှိတော့ပါဘူး။

အစိုးရက ခုလို လစဉ် ခွဲတမ်းနဲ့ ရောင်းချပေးနေတယ်ဆိုပေမယ့် အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အာဏာပိုင်တချို့ရဲ့ မသမာလုပ်မှုတွေ ရှိနေလို့ အရေးယူရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အစိုးရက ကျပ် ၁၅၀၀ သတ်မှတ်ပြီး ခွဲတမ်းနဲ့ ရောင်းပေးနေတဲ့ ဆင်းကတ်အမျိုးအစား အားလုံးနီးပါး ကျပ် ၁ သိန်းကျော် ဈေးပေါက်နေပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိအချိန်ထိ မိုဘိုင်းဖုန်း ၆ သန်းနီးပါး တပ်ဆင်ထားနိုင်ပြီး၊ ဒါဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိသလို အာဆီယံ ၁၀ နိုင်ငံထဲမှာ ပြည်သူတွေ မိုဘိုင်းဖုန်း ကိုင်ဆောင်မှု ရာခိုင်နှုန်း အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013